ဂျွန်အင်း (Kim Min Hee) ဟာ စမ်းချောင်းဘေးမှာ ထိုင်ကာ သဘာဝတရားကို ခံစားရင်း သူ့အထည်အလိပ်တွေရဲ့ဒီဇိုင်းကို ရေးဆွဲလေ့ရှိသူပဲ ဖြစ်တဲ့အပြင် အမျိုးသမီးတက္ကသိုလ်တစ်ခုကဆရာမတစ်ယောက်လည်း ဖြစ်ပါသေးတယ်။တက္ကသိုလ်ရဲ့ နှစ်စဉ်ဟာသပြဇာတ်တိုအတွက် သူမရဲ့ဌာနမှ တာဝန်ယူရသော်လည်း ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ကျောင်းသားတစ်ယောက်လူမှုရေးကိစ္စဖြစ်ပြီး အဖွဲ့မှ နှုတ်ထွက်သွားတဲ့အခါ ဆရာမ ဂျွန်အင်းတစ်ယောက်တစ်ခေတ်တစ်ခါက နာမည်ကြီး သရုပ်ဆောင်-ဒါရိုက်တာဖြစ်တဲ့အပြင် သူမ၏ ဦးလေးဖြစ်သူ ချူရှီအွန်း(Kwon Hae Hyo) ကိုအကူအညီ တောင်းရပါတော့တယ်။ တစ်ဖက်မှာလည်း ဂျွန်အင်းတို့ဌာနက ပါမောက္ခဂျောင်(Cho Yoon Hee) ဟာ ဦးလေး ချူရှီအွန်းရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်နေပြန်ပါသေးတယ်။ပြဇာတ်တိုအတွက်လေ့ကျင့်တဲ့ အချိန်အတွင်း ဖြစ်ပေါ်လာမဲ့ ဆရာနဲ့ တပည့်တွေကြားက တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုခင်မင်ရင်းနှီးလာပုံတွေကို ရိုက်ကူးပြသထားတဲ့ Drama ကားကောင်းလေးမို့လို့ Bythe Stream ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦးနော်။