ကိုဗစ်ကာလအတွင်း တစ်နိုင်ငံလုံးနီးပါး လော့ခ်ဒေါင်းချလိုက်တဲ့အချိန်မှာတော်တော်များများဒုက္ခရောက်ကုန်ကြတယ်။ အလုပ်တွေလည်းနားလိုက်ရပြီးအိမ်မှာပဲပိတ်မိနေရတဲ့အချိန်ပေါ့။ ဒါပေမဲ့ ဆေးဝါးပို့ဆောင်ရေးသမားဖြစ်တဲ့ရာဂူကတော့အဲဒီအချိန်မှာဆေးဝါးတွေပို့ရင်းအလုပ်များနေရတယ်။လူတကာပိတ်မိနေတဲ့ချိန်မှာ လွတ်လပ်စွာသွားလာနိုင်တဲ့ပို့ဆောင်ရေးသမားကိုသတိထားမိသွားတဲ့ မသမာသူတွေကဒါကိုအခွင့်ကောင်းယူပါတော့တယ်။တစ်နေ့မှာ ပါဆယ်တစ်ခုပို့ပေးဖို့ ရာဂူတစ်ယောက်ဖုန်းလက်ခံရရှိသွားတဲ့အချိန်မှာတော့ ပါဆယ်တစ်ထုပ်ကြောင့်မထင်မှတ်ဘဲသူ့အသက်ကိုပါ ခြိမ်းခြောက်လာတော့တယ်။ဇာတ်လမ်းအစမှာတင် ဇာတ်ကွက်ကိုခပ်သွက်သွက်ပဲစထားတာမို့တစ်ကွက်မှမပျင်းရဘဲ ဇာတ်ကားဆုံးတဲ့အထိ ရင်တမမနဲ့ကြည့်ရှူရမှာဖြစ်ပါတယ်။