Cinderella FHD

Cinderella

Drama Family Fantasy Romance FHD 2015-03-12 6.801 105 Min

Old but Gold ဆိုတဲ့အတိုင်း ဟောင်းပေမဲ့လည်း ဘယ်အချိန်ကြည့်ကြည့်မရိုးပဲ ကောင်းနေဆဲဆိုတဲ့ ကာတွန်းကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။အဲ့တာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ97% ရထားတဲ့ ကိုယ်တွေငယ်ဘဝရဲ့ အသည်းစွဲCinderella (I) 1950 လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့မသိတဲ့သူမရှိသလောက်ပါပဲ။မိထွေးနဲ့ မိထွေးရဲ့သမီး၂ယောက်ဆီမှာ အစေခံတစ်ယောက်လိုအလုပ်လုပ်ပေးရပြီး အနိုင်ကျင့်ခံရတဲ့ စင်ဒရဲလားလေးရဲ့ သနားစရာဘဝဇာတ်ကြောင်းလေးပါပဲ။ ဟိုးအဝေးဆီကနန်းတော်ကြီးဆီလှမ်းမျှော်ကြည့်ပြီး စင်ဒရဲလားလေးဟာ တော်ဝင်ကပွဲကိုတက်ခွင့်ရဖို့စိတ်ကူးယဥ်နေပါသတဲ့။ အဲ့လို စင်ဒရဲလား လေးရဲ့ စိတ်ကူးတွေကိုအကောင်အထည်ပေါ်အောင် သူရဲ့သူငယ်ချင်းကြွက်ကလေးတွေကဘယ်လိုကူညီကြမလဲ၊ စိတ်ထားမကောင်းတဲ့မိထွေးဆိုးကြီးကဘယ်လိုယုတ်မာပြမလဲ၊ သူတော်ကောင်းနတ်ကောင်းမ ဆိုတဲ့စကားအတိုင်း အစောင့်အရှောက်နတ်သမီးဖွားဖွားကဘယ်လိုတွေကူညီပေးမလဲ ဆိုတာကို ငယ်ဘဝကခံစားချက်တွေ နဲ့ ရသစုံလင်စွာပျော်ပျော်ရွှင်ရွှင်ခံစားကြည့်ရှုနိုင်ဖို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။သီချင်းလေးတွေကအစသေချာလေးခံစားဘာသာပြန်ပေးထားတာမို့CM လက်ရာ ကောင်းကောင်းလေးနဲ့ တစ်ဖန်ပြန်လည်ခံစားကြည့်ရှူချင်ကြတဲ့ ပရိတ်သတ်ကြီးတို့အတွက် downရကျိုးနပ်စေမယ့်ကားကောင်းလေးတစ်ကားဖြစ်စေရဖို့ အာမခံပါတယ်လို့ပြောရင်း… Let’s Enjoy Guys ! !