ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် စပိန်ဘာသာစကားပြော drama/thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။IMDB 6.5 ရထားပြီး ဆု ၁၀ ဆုလည်းရရှိထားပါတယ်ဇာတ်လမ်းကတော့ မာရီယာဆိုတဲ့ အခုမှသားဦးမွေးထားတဲ့စာရေးဆရာမတစ်ယောက်ကိုဦးတည်ထားပါတယ်။ အခုမှသားဦးမွေးထားတဲ့မာရီယာဟာ postpartum depressionလို့ခေါ်တဲ့မိခင်တွေခံစားရတဲ့စိတ်ကျရောဂါတစ်မျိုးကို တယောက်ထဲတိုက်ခိုက်နေသူဖြစ်ပါတယ်။ကလေးကနို့စိုရင်ပြန်အန်တာကို ကလေးဆရာဝန်ကပုံမှန်ပဲလို့ပြောတာကိုတောင်သူ့မှာစိုးရိမ်တကြီးဖြစ်နေရှာပါတယ်။ အိမ်တစ်ခုမှာပုံမှန်ဖြစ်လေ့ရှိတဲ့ ပြဿနာတွေကိုလည်း မာရီယာဟာ အကြီးအကျယ်စိတ်ညစ်နေရှာပါတယ်။ယောက်ျားဖြစ်သူ နီကိုကတော့ ဒါကိုမသိပဲသူ့အလုပ်ပဲသူလုပ်နေခဲ့ပါတယ်။ မာရီယာကနီကို့ကို ခွင့်ယူဖို့၊သူနဲ့အတူတူကလေးကိုစောင့်ရှောက်ဖို့ပြောပေမဲ့လည်း နီကိုကခွင့်မယူပါဘူး။ဒီလိုနဲ့တနေ့ကျ ပြင်သစ်အမျိုးသမီးတစ်ယောက်ကသူမရဲ့ဆယ်လသားအရွယ်အမွှာလေးတွေကို ရေနစ်သတ်တဲ့သတင်းကိုတွေ့လိုက်ရပါတယ်။ ထိုသတင်းဟာမာရီယာရဲ့ခေါင်းထဲမှာစွဲမြဲနေခဲ့ပါတော့တယ်။ဒီဇာတ်လမ်းဟာမိခင်တစ်ယောက်ရဲ့ဘဝကိုဇာတ်နှေးနှေးနဲ့ရိုက်ပြထားပါတယ်။