Moonlight HD

Moonlight

Drama HD 2016-10-21 7.4 111 Min

Best Adapted Screenplay စတဲ့ အကယ်ဒမီဆု ၃ ခုကိုဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ကြည့်ပြီးရင် စိတ်ထဲမှာ တစ်ခုခုကျန်နေခဲ့မှာဖြစ်ပြီး ငါတို့ကမ္ဘာကြီးအပေါ်ကိုမြင်နေတဲ့အမြင်တွေမှားနေပြီလားဆိုပြီး မေးခွန်းထုတ်ရလောက်အောင် ဖြစ်သွားစေမယ့် ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။လူဆိုတာ တစ်ခါတလေမှာ အရမ်းယုတ်မာတတ်ပါတယ်။ ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်လို့သာ လူဖြစ်လာတယ် လူစိတ်မရှိတဲ့ လူတွေတအားများပါတယ်။ငါနဲ့မတူငါ့ရန်သူ၊ ငါဖြစ်တည်သလို မင်းလည်းဖြစ်တည်ရမယ် မဟုတ်ရင် ငါနဲ့မင်းနဲ့ ပြဿနာဖြစ်ရလိမ့်မယ်ဆိုတဲ့လူတွေလည်းတအားများပါတယ်။ ဒီ Moonlight (2016) မှာတော့ ဒါတွေကိုချပြသွားမှာဖြစ်ပါတယ်။ ခံစားကြည့်လိုက်ကြပါ။ဇာတ်ညွှန်းချိုင်ယွန်ဆိုတဲ့ အာဖရိကလူမည်းလေးတစ်ယောက်ရှိတယ်။ လူမည်းရပ်ကွက်မှာ ဆေးရောင်းတဲ့ကောင်တွေရှိတယ်၊ ဒုစရိုက်လုပ်တဲ့ကောင်တွေရှိတယ်လူပေါင်းစုံနေထိုင်တဲ့ရပ်ကွက်ထဲမှာမွေးလာတဲ့ချိုင်ယွန်ဆိုတဲ့ကောင်လေးက ငယ်ငယ်ကတည်းက လိင်တူစိတ်ဝင်စားတဲ့ ဂေးတစ်ယောက်ဖြစ်နေတယ်။ဒီလိုလူမျိုးဆိုရင် လက်ညိုးငေါက်ငေါက်ထိုးပြီး နှိမ်ချင်တဲ့လူတွေများတဲ့လောကကြီးမှာ လူမည်းလည်းဖြစ်၊ ဂေးလည်းဖြစ်တဲ့ ချိုင်ယွန်အတွက်တော့ ဘဝဟာ အတက်အကျအရမ်းများလှပါတယ်။ချိုင်ယွန်ကို သနားမိသွားတဲ့ ဆေးရောင်းတဲ့ခေါင်းဆောင် ဟွမ်နဲ့ သူ့ကောင်မလေး ထရီဆာတို့ဟာ ငယ်ငယ်ကတည်းကချိုင်ယွန်ကို သားအရင်းတစ်ယောက်လို ချစ်ခင်ခဲ့ပါတယ်။ ဒါပေမယ့်ချိုင်ယွန်ရဲ့အမေကလည်း ဆေးစွဲနေတဲ့ မိန်းမတစ်ယောက်ဖြစ်တာကြောင့် ချိုင်ယွန်ရဲ့ဘဝဟာ ခက်ခဲလွန်းနေခဲ့ပါတယ်။ဒီလိုနဲ့ ချိုင်ယွန်တစ်ယောက် ဘဝကို ဘယ်လိုများဆက်ပြီးတော့ဖြတ်သန်းသွားမှာလဲ….ခံစားကြည့်လိုက်ကြပါခင်ဗျာ။