When the Phone Rang HD

When the Phone Rang

Drama HD 2024-08-12 8.3 73 Min

ဒီအဖြစ်အပျက်တွေဟာ စာအုပ်တွေ ရုပ်ရှင်တွေနဲ့ လူတစ်ချို့ရဲ့ မှတ်ဉာဏ်ထဲပဲ နိုင်ငံတစ်ခုအဖြစ်ကျန်တော့တဲ့ မရှိတော့တဲ့ နိုင်ငံတစ်ခုမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေလို့ဆိုတယ်။ ရုပ်ရှင်ထဲတော့ မပြောသွားပေမဲ့ယူဂိုဆလားဗီးယားပါပဲ။အဲဒီနိုင်ငံရဲ့ရှိနေခြင်းနဲ့ မရှိတော့ခြင်းကြားက ငွေကြေးအဖောင်းပွဆုံး အကြမ်းအဖက်ဆုံး မငြိမ်သက်ဆုံး အခြေအနေကိုဖြတ်သန်းခဲ့တဲ့ အမျိုးသမီးတစ်ယောက်က အဲဒီကာလအကြောင်းဇာတ်ကြောင်းပြန်ပြောထားတယ်။ဒီလိုကားတွေဟာ ပုံမှန်ဆိုရင်တော့ ဒိုကူမန်ထရီဆန်နေတာများပေမဲ့ ဒီတစ်ကားကတော့ ထူးထူးခြားခြား ကဗျာဆန်နေပါတယ်။ ဖုန်းသံမြည်လာတုန်းကဆိုတဲ့စာကြောင်းနဲ့ပဲ အဖြစ်အပျက်တွေကို ထပ်ခါထပ်ခါ ချိတ်ဆက်ပြီး တင်ဆက်သွားတယ်။အချိန်ကလည်းတိုတိုလေးပါပဲ ။ ဒါပေမဲ့ ပျက်တော့မယ် နိုင်ငံကြီးထဲက လူပေါင်းစုံကို မြင်နေခဲ့ရတယ်။ မလိုမပိုနဲ့တင်ဆက်ပုံ တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ပျက်လုဆဲဆဲလိုလိုဖြစ်နေတဲ့ နိုင်ငံထဲက လူတွေ ကြည့်ရင်တော့ ပိုအရသာရှိလောက်မယ်။