၁၂ နှစ်သားလေး မက်ခ်ရဲ့အမေဖြစ်သူဟာ မကြာခင်က ဆုံးပါးသွားခဲ့တယ်။မက်ခ်ရဲ့အဖေက ဂျပန်ကိုအလုပ်ကိစ္စအတွက်ခရီးသွားရမှာဖြစ်လို့ မက်ခ်ကို သူ့ဦးလေး ဝေါလေစ့် နဲ့အဒေါ်ဆူဇန် တို့အိမ်ရှိရာကိုပို့ထားခဲ့ပါတယ်။အဲ့ဒီအိမ်မှာ မက်ခ်တစ်ယောက် မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့ဝမ်းကွဲညီမ ကောလင်းနဲ့ ညီ ဟင်နရီတို့နဲ့အတူနေထိုင်ဖို့ဖြစ်လာပါတယ်။ဟင်နရီက အစပိုင်းတော့ တကယ်ကိုအမူအကျင့်ကောင်းတဲ့ကလေးလိုပါပဲ..ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူ့အပြုမူတွေက ဆိုက်ကိုပက် တစ်ယောက်ရဲ့အမူအကျင့်တွေလိုဖြစ်လာပါတယ်။ခွေးတွေ ကြောင်လေးတွေသတ်တာ လမ်းပေါ်ကကားတွေတိုက်မိအောင် အရုပ်ကြီးပစ်ချတာတွေကိုသူနဲ့အတူမက်ခ်ကိုပါလှည့်စားပြီး ဝင်ပါမိအောင်အကွက်ချလုပ်ဆောင်လာပါတယ်။အဆိုးဆုံးက သူ့ညီမလေးကိုစကိတ်စီးရင်း ရေခဲပြင်ထဲကျအောင်လုပ်ခဲ့ပြီး သူ့ညီမလေးလေးလဲ ကိုမာဝင်သွားပါတော့တယ်။သူ့အမေ ဆူဇန်မှာ အရင်က ဟင်နရီတို့မောင်နှမနှစ်ယောက်အပြင်ကလေးအငယ်ဆုံးလေး ရစ်ချက်ပါရှိခဲ့ဖူးပါတယ်အဲ့ဒီကလေးက ငယ်တော့ရေချိုးရင်းရေဇလုံထဲရေမွန်းပြီးသေသွားခဲ့တာကြာခဲ့ပါပြီအခုဆူဇန်က ဒီကလေးအငယ်လေးသေခဲ့တဲ့ဖြစ်စဥ်မှာ ဟင်နရီက တရားခံဆိုတာသိသွားချိန်မှာသူ့အမေကိုပါ နှုတ်ပိတ်ဖို့ သားဆိုးဟင်နရီကလုပ်လာပါတော့တယ်ဒါကိုမက်ခ်လေးက ဘယ်လိုကယ်မလဲ ဆိုးသွမ်းတဲ့ကလေး ဟင်နရီကဘာဖြစ်သွားမလဲဆိုတာ……….။