မင်ဆူဟာ အရည်အချင်းရှိတဲ့ ဘာဒူ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်ပြီးလူမိုက်ဂိုဏ်းချုပ်တစ်ယောက်ကို ဘာဒူ့ကစားနည်း သင်ပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ဒီလိုနဲ့ မင်ဆူက လူမိုက်ကြီးရဲ့ လက်အောက် ရောက်ရှိလာခဲ့ပြီး ကြုံခဲ့ရတဲ့ လောကဓံရဲ့ရိုက်ချက်တွေကြောင့် ဘာဒူ့ကစားနည်းကို ပညာရှင်အဆင့်ဖြစ်ဖို့အတွက် လက်လျော့ကာလူမိုက်ဂိုဏ်းထဲဝင်ဖို့ စိတ်ကူးပါတော့တယ်။သူ့လိုမဖြစ်စေချင်တဲ့ လူမိုက်ဂိုဏ်းချုပ်ကြီးကလည်း ဒါကို ဟန့်တားပါတယ်။ဒီလိုနဲ့ လူမိုက်ဂိုဏ်းရဲ့ နောက်ဆုံးအလုပ်အတွက် ပြင်ဆင်ဖို့ ဖြစ်လာချိန်မှာ မင်ဆူရဲ့ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ ဘာဒူ့အပေါ်ထားတဲ့ စိတ်ဝင်စားမှုတွေဟာလည်းပြန်ပေါ်လာခဲ့ပါတယ် ။မင်ဆူက ဘာဒူ့ကစားနည်းကို ပညာရှင်အဆင့်ထိ ရောက်သွားမလားဆိုတာကိုတော့ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် ။