အမေရိကန်အဖေနဲ့ထိုင်းမိခင်မှ မွေးဖွားလာသူ ဂျင်မီ(လတ်)ဟာ ငယ်စဉ်က နာမည်ကြီး အဆိုတော်ဖြစ်ခဲ့ပေမယ့်နောက်ပိုင်းမှာ အင်ဂျင်နီယာအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူလည်း ဖြစ်ပါတယ်သူ့မိခင်ဆုံးပါးသွားချိန်မှာမွေးရပ်မြေကို ပြန်ပြီး မိခင်ရဲ့နာရေးကို တက်ရောက်ခဲ့ပါတယ်…အဲဒီနောက် သူဟာ ဟိုတယ်အဟောင်းတစ်ခုကိုပြန်လည်မွမ်းမံဖို့ အလုပ်လက်ခံလိုက်ပါတယ်…အဲဒီဟိုတယ်ကိုသူရောက်သွားချိန်မှာတော့ ထူးဆန်းလွန်းတဲ့ခံစားချက်တွေ ဖြစ်လာခဲ့ပါတယ်…ဟိုတယ်ဟာ ဟိုတယ်တစ်ခုရဲ့အင်္ဂါရပ်တွေနဲ့ မပြည့်စုံသလို ဆန်းကြယ်မှုတွေလည်းပြည့်နှက်နေခဲ့ပါတယ်…ဟိုတယ်ကိုမွမ်းမံပေးဖို့လာတဲ့ဂျင်မီ(လတ်)တစ်ယောက် ဟိုတယ်ကို ပြီးစီးအောင်ပြင်ဆင်ပေးနိုင်ပါ့မလား…သူကြုံတွေ့ခံစားနေရတဲ့ ထူးဆန်းအံ့ဖွယ်အဖြစ်အပျက်တွေကရော တကယ်ပဲလားဆိုတာအဖြေရှာရင်းခံစားကြည့်ရှုအပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်…