The Ringmaster HD

The Ringmaster

Horror Mystery HD 2018-11-25 6.093 100 Min

လူတိုင်းရဲ့စိတ်ခံစားချက်တွေက တစ်ယောက်နဲ့တစ်ယောက်ကွဲပြားနေတတ်ပါတယ်။ တဖက်လူရဲ့ပျော်ရွှင်မှုကြောင့် ပီတိဖြစ်ရတဲ့လူတွေရှိသလို တဖက်လူရဲ့နာကျင်ခံစားရမှုကြောင့် ဝမ်းသာနေကြတဲ့သူတွေလည်း တစ်ပုံကြီးပါပဲ။ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးက စိတ္တဇဆန်တဲ့ဇာတ်လမ်းလို့ပြောရမလား ဓာတ်ဆီဆိုင်မှာ ညဆိုင်းဆင်းနေကြတဲ့ မိန်းကလေးနှစ်ယောက်ကို အသာပေးရိုက်ကူးထားပြီး လူသားတို့ရဲ့စိတ်ချောက်ချားမှုတွေ၊ အကြောက်တရားနဲ့ကြုံတွေ့လာတဲ့အခါ ဖြစ်‌ပေါ်လာတဲ့ခံစားချက်တွေ၊ တဖက်သားနာကျင်မှုကို ‌‌ပျော်မွေ့နေတတ်တဲ့သူတွေစတဲ့ အမျိုးမျိုးသောစိတ်ခံစားချက်တွေကို ကြည့်ရှုရမှာပါ။ ဇာတ်ကောင်တွေအများကြီးသုံးထားတာမျိုးမရှိဘဲ လူတွေရဲ့မကောင်းတဲ့ဗီဇစိတ်ကို ပေါ််လွင်အောင်ရိုက်ပြထားတာဖြစ်လို့ Horror ဆန်ဆန်Mystery ဆန်ဆန်ကြိုက်တဲ့ဘော်ဒါတို့အတွက် ကြည့်ကောင်းမယ့်ဇာတ်လမ်းလေးပါပဲ။