War Witch FHD

War Witch

Drama War FHD 2012-02-17 6.577 90 Min

Rt – 94% ~ IMDb – 7.0 အသက် ၁၂ နှစ်အရွယ်ကတည်းကနေပြီး သူပုန်အဖွဲ့ကနေပြန်ပေးဆွဲခံလိုက်ရတဲ့ ကိုမိုနာ ဟာ “ကျားကြီး” သူပုန်အဖွဲ့မှာတပ်သားသစ်အနေနဲ့အစိုးရစစ်တပ်ကိုတိုက်ခိုက်ဖို့အတွက် လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာ တောထဲကိုစစ်ဆင်ရေးသွားရင်းနဲ့ အစိုးရဘက်က သေသွားတဲ့သူတွေရဲ့ ဝိဉာဉ်တွေကိုမြင်ရတာမလို့ ကိုမိုနာကို သူပုန်ခေါင်းဆောင်“ကျားကြီး” က သူ့ရဲ့ စစ်ပွဲစုန်းမ (War Witch) အဖြစ်သတ်မှတ်ပြီး အလေးထားခဲ့ပါတယ်။ ဒီလိုနဲ့နေရင်းကနေ သူပုန်အဖွဲ့ထဲက မှော်ဆရာဆိုတဲ့ ကောင်လေးနဲ့အတူ သူငယ်ချင်းတွေဖြစ်သွားကြပြီးတစ်နေ့မှာ ကိုမိုနာ လုပ်တဲ့အရာတွေက တစ်ခုခုလွဲချော်သွားခဲ့ရင် ကျားကြီးက သတ်လိမ့်မယ်ဆိုပြီး မှော်ဆရာနဲ့ ကိုမိုနာတို့ နှစ်ယောက် ကျားကြီးသူပုန်အဖွဲ့ထဲကနေထွက်ပြေးခဲ့ကြပြီး လက်ထပ်လိုက်ကြကာဇာတ်မြုပ်နေခဲ့တယ်။ဒီလိုနဲ့ ကိုမိုနာနဲ့ မှော်ဆရာတို့ နှစ်ယောက်သား သူပုန်တွေဆီကနေ လွတ်မြောက်ခဲ့ကြပေမဲ့ အမှန်တကယ်လွတ်မြောက်ပါ့မလား၊ စစ်ပွဲစုန်းမဆိုတဲ့ နာမည်အောက်ကရောရုန်းထွက်နိုင်ပြီးသာမာန်မိန်းကလေးတစ်ယောက်ဖြစ်လာနိုင်မလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦးဗျ။ Oscar Nominee ဝင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဖြစ်တဲ့အဖြစ် ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုပေါင်း ၃၅ဆုအထိရရှိထားပါတယ်။ 14 နှစ်အရွယ် ကိုမိုနာက သူ့ရဲ့မွေးမလာသေးတဲ့ ကလေးကိုပြောပြနေတဲ့ပုံစံ ရိုက်ကူးထားပြီး အာဖရိကနိုင်ငံတွေရဲ့ ပြည်တွင်းစစ်အရှုပ်အထွေးနဲ့ ကလေးစစ်သားပြဿနာတွေကိုထည့်သွင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါဗျ။