Flimfare ဆုအပြင် တခြားဆုပေါင်းများစွာရထားတဲ့ အဆိုကောင်းအကကောင်း မင်းသမီးကြီးManju Warrier က ပထမဆုံးမလေယာလမ်ရုင်ရှင်မင်းသမီးကြီး Nilambur Ayisha ရဲ့ဘ၀ဇာတ်ကြောင်းကို ပြန်လည် အသုံးတော်ခံထားပါတယ်။ဟိုးအရင်ခေတ်တွေတုန်းကတော့ အစေခံခေါ်ကြတယ်။လူသားချင်းစာနာတဲ့ခေတ်ဘာညာနဲ့ ဖြစ်လာတော့ အိမ်အကူ အိမ်အတွက်ကူဖော်လောင်ဖက်။ဒီဇာတ်လမ်းထဲမှာလည်း အိမ်အကူတွေရဲ့ ဖြတ်သန်းရပုံတွေပေါ့။ဇာတ်လမ်းအကျဉ်းအာရီရှာဆိုတဲ့ အမျိုးသမီးက အာရပ်ပြည်ကို အိမ်အကူလုပ်ငန်းလုပ်ဖို့ သမီးလေးကိုခွဲပြီး ရောက်ရှိလာသူဖြစ်ပါတယ်။အိမ်အကူလုပ်တယ်ဆိုပေမဲ့ သတ္တိကတော့ မခေလှဘူး။ အလုပ်အေဂျင်စီကလူတွေနဲ့ ထိပ်တိုက်တွေ့တာလည်း ခဏခဏပါပဲ။ဒီလိုဇနဲ့ အာရီရှာ အလုပ်ရတဲ့နေရာက မာမားလို့ခေါ်ကြတဲ့ အမျိုးသမီးကြီး ဩဇာညောင်းတဲ့မော်ဆွမ်းနန်းတော်မှာပါ။လူတိုင်းသူ့စကားတစ်ခွန်းနဲ့ အကုန်ပြီးလောက်သည်ထိ အိမ်ကြီးရှင်မာမားနဲ့မဟုတ်မခံ အာရီရှာတို့ နှစ်ဦးကြားက ဆက်ဆံရေးအဖုအထစ်တွေမှာ သူတို့နှစ်ဦးအဆင်ပြေသွားကြမလား တဦးနဲ့တဦးရန်ပဲဆောင်နေကြရမလားဆိုတာအမျိုးသမီးနှစ်ယောက်ရဲ့ အားပြိုင်မှုကို ရှုစားကြရမှာဖြစ်ပါတယ်။