မီရာဆိုတဲ့ ကောင်မလေးက မင်္ဂလာဆောင်ဖို့ ရက်ပိုင်းပဲလိုတော့တယ်။သူ့မင်္ဂလာဆောင်အတွက် သတို့သမီးဝတ်စုံ သွားယူဖို့ တယောက်တည်း ကားတစီးနဲ့သွားတဲ့အချိန်မှာ သူ့ရဲ့ EX ပေါ့ (EX ဆိုတာ ကောင်းကျိုးပေးတတ်တဲ့ အမျိုးမဟုတ်ဘူးလေ)။အဲဒီ EX က Suicide လုပ်ပါရော၊ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်တဲ့ လူသေမှုကိုလူသေစေမှုအဖြစ် မီရာ့အပေါ် ရဲဌာနက သံသယဝင်လာတဲ့ အခါမှာ၊သံသယဝင်ရအောင်လည်း EXကြီးကဖန်တီးခဲ့လေတော့ မီရာတယောက် အဲဒီအမှုကို ဖြေရှင်းနိုင်မှာလား မင်္ဂလာပွဲကို ဆက်ပြီးကျင်းပနိုင်မှာလားဆိုတာHello Meera ဆိုတဲ့ နာမည်နဲ့ လိုက်အောင် ဖုန်းတလုံးနဲ့ ဘယ်လိုတွေ ဖြေရှင်းပြီး သူ့ဘ၀အတွက်ရင်ဆိုင်ဖြေရှင်းရပုံကို မျက်တောင်မခတ်စတမ်း ကြည့်ရှုရမှာပါ။