တိုဂို ဆိုတဲ့ ခွေးသူရဲကောင်းဖြစ်ရပ်မှန်ဇာတ်လမ်းကိုမင်းသားကြီး Willem Dafoe ရိုက်ကူးထားတဲ့ Togo ဆိုတဲ့ဇာတ်လမ်းကို ကြည့်ဖူးမယ်ဆိုရင် တိုဂိုဆိုတဲ့ ခွေးလေးအကြောင်းနဲ့ နုံးမြို့က ဇာတ်လမ်းလေးကို ရင်းနှီးကြမှာပါ ။(Togo (2019) ကို မကြည့်ရသေးရင် CM မှာ ကြည့်လို့ရပါတယ်။)အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့Togo (2019)နဲ့ မတူညီတဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ 1920 ခုနှစ်က အမေရိကန်မြောက်ပိုင်း အလက်စကာပြည်နယ်က နုံးဆိုတဲ့ ရွာလေးသာသာ မြို့လေးက ဖြစ်ပွါးခဲ့တဲ့ ကပ်ရောဂါမှာ ဘယ်သူတွေဘယ်လိုပါဝင်ကြိုးစားခဲ့ကြလဲဆိုတဲ့ ဖြစ်ရပ်မှန်တွေကိုအဓိကထားပြီး ဂုဏ်ပြုရိုက်ကူးထားပါတယ်။ ဆုံဆို့နာဆိုတဲ့၊ ဘတ်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါဟာကလေးတွေအကြားမှာ ကပ်ရောဂါသဖွယ် ဖြစ်ပွါးလာတဲ့အခါမှာဒီမြို့လေးမှာ ကုသဖို့ဆေးကမရှိဖြစ်တယ်။ တစ်ခြားဒေသက ဆေးတွေ ပို့ဆောင်ဖို့အတွက် စီစဉ်ကြမယ်ဆိုတော့လည်း အေးခဲလှတဲ့ရာသီဖြစ်တာကြောင့် ရေကြောင်းလမ်းကလည်း ပို့ဆောင်ဖို့အဆင်မပြေ၊ လေယာဉ်နဲ့ဆိုတော့လည်းအဲ့ခေတ်အခါအတွက် အဆင်မပြေဖြစ်နဲ့ ၊ နောက်ဆုံးတော့ဒေသသုံးစွပ်ဖားသမားတွေ စွပ်ဖားခွေးတွေကိုပဲ အားကိုးဖို့ဖြစ်လာပါတယ်။ ကုသဆေးကို နီနာနာမြို့ကနေ နုံးမြို့လေးကိုရောက်ဖို့အတွက်ဆိုရင် မိုင်ပေါင်း ၇၀၀ နီးပါးရှည်လျားတဲ့ခရီးလမ်းဖြစ်ပါတယ်။ စွပ်ဖားသမားအယောက်၂၀က အေးခဲလှတဲ့ မုန်တိုင်းတွေကြား ရေခဲလမ်းတွေကြား သေခြင်းတရားကိုအံတုပြီး ကုသဆေးကို တစ်ပတ်အတွင်း လက်ဆင့်ကမ်းပို့ဆောင်ကြမှာဖြစ်ပါတယ်။ ခရီးလမ်းရဲ့ မိုင်ပေါင်း ၃၀၀ကျော်လောက်ကို တာဝန်ယူခဲ့ကြတဲ့ လီယိုနတ် ဆပလာ ဆိုတဲ့စွပ်ဖားသမားနဲ့ သူ့ရဲ့ ၁၂နှစ်အရွယ်ခေါင်းဆောင်ခွေး တိုဂိုတို့ဟာအရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ခဲ့ကြပါတယ်။ အခက်အခဲတွေကြားမှာ နုံးမြို့လေးကို သူတို့တွေ ဘယ်လိုကယ်တင်ပေးခဲ့ကြလဲဆိုတဲ့ အကြောင်းတွေကို စိတ်လှုပ်ရှားစွာနဲ့စီးမျောပြီးကို ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ကြည့်ရှုလိုက်ကြပါဦးနော်။