ဒီဇာတ်ကားက British comedy/ dramaဖြစ်ပြီး GOTထဲကနဂါးမေမေနဲ့ Sherlock Holmes ရုပ်ရုင်ထဲက မင်းသားကြီးJude Lawတို့ အဓိကပါဝင်ထားတာပါ။ IMDb6.1နဲ့ RT 57%ရထားပါတယ်။မီးခံသေတ္တာ ဖောက်ထွင်းဝိဇ္ဇာတစ်ဦးဖြစ်ပြီးအမှုတစ်ခုမှာ အဖမ်းခံရကာ ထောင်ဒဏ်၁၂နှစ် ကျသွားခဲ့တဲ့ဒွန်ဟဲမင်းဝေးဆိုတဲ့ ဒုစရိုက်သမားကြီးဟာ ထောင်ကပြန်လွတ်လာချိန် ဇနီးဖြစ်သူဆုံးပါးကာ သမီးကမုန်းတီးနေတာကြောင့်မိသားစုနဲ့ ပြန်လည်နီးစပ်နိုင်ဖို့ ငွေလမ်းခင်းမယ်ဆိုတဲ့ အကြံနဲ့အလုပ်သစ်တွေလိုက်ရှာရင်း ကြုံတွေ့ရမယ့် အခက်အခဲတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာပါ။ စကားအပြောအဆိုအသုံးအနှုန်းတွေ ကြမ်းတမ်းတာကို သတိချပ်စေချင်ပါတယ်။