Extraction HD

Extraction

Action Thriller HD 2015-12-18 4.593 92 Min

Extractionဇာတ်ကားလေးကတော့ မင်းသားကြီး Bruce Willisနဲ့ Kellan Lutzတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‧Action/Thrillerရုပ်ရှင်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ CIအေးဂျင့်Leonard Turnerဟာ စစ်ဆင်ရေးလုပ်ဆောင်နေတုန်းလျို့ဝှက်အထောက်အထားဖော်ထုတ်ခံလိုက်ရတာကြောင့် မိန်းမဖြစ်သူအသတ်ခံလိုက်ရကာ သားဖြစ်သူHarry Turnerကိုပါဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရတယ်။Harry Turnerဟာ အမေဖြစ်သူ အသတ်ခံလိုက်ရတဲ့နေ့ကတည်းက အေးဂျင့်ဖြစ်လာဖို့လေ့ကျင့်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကွင်းဆင်းအေးဂျင့်အဖြစ် ငြင်းဆန်ခံနေခဲ့ရတယ်။တစ်နေ့မှာတော့ ရုရှားလက်နက်ရောင်းဝယ်ရေးအဖွဲ့အစည်းတစ်ခုကLeonard Turnerကို ဓားစာခံအဖြစ်ဖမ်းဆီးသွားပြီးတော့ CONDORလို့ခေါ်တဲ့ နောက်ဆုံးပေါ်နည်းပညာတစ်ခုကိုပါခိုးယူသွားခဲ့တယ်။တစ်ခါမှစစ်ဆင်ရေးမလုပ်ဖူးတဲ့Harry Turnerဟာ အဖေဖြစ်သူကို ကယ်ဆယ်ဖို့အတွက် အေဂျင်စီနဲ့အတိုက်အခံလုပ်ပြီးတော့ Leonard Turnerကိုဖမ်းဆီးသွားတဲ့ ရုရှားလက်နက်ကိုင်အဖွဲ့နဲ့ ရင်ဆိုင်မလဲဆိုတာကို ကြည့်ရှူကြပါအုံး။