The Secret Kingdom HD

The Secret Kingdom

Family Fantasy Adventure HD 2023-04-27 6.4 98 Min

ဒီတစ်ခေါက်မှာတော့အပျင်းပြေကြည့်ရှုလို့ရနိုင်မယ့် စိတ်ကူးယဉ်ဇာတ်လမ်းပုံစံလေးနဲ့ ‘The Secret Kingdom’ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ကြောက်တတ်တဲ့ ကောင်လေး ပီတာနဲ့ သူ့ရဲ့ညီမ ဗယ်ရတီဟာ အိမ်အသစ်ကိုပြောင်းလာပြီးပထမဆုံးညမှာပဲ သူတို့ရဲ့ကုတင်အောက်မှာရှိနေတဲ့ လျှို့ဝှက်ကမ္ဘာကြီးတစ်ခုကို ပန်ဂိုလင်းတွေခေါ်ဆောင်သွားတာခံလိုက်ရပါတယ်ဒီလိုခေါ်သွားရတဲ့အကြောင်းကတော့ သူတို့ရဲ့အောက်ကမ္ဘာကိုဖျက်ဆီးနေတဲ့အမှောင်ထုထဲကသားရဲကြီးရှရောက်ရဲ့လက်ထဲကနေ ကမ္ဘာကြီးကိုကယ်တင်ပေးပြီး ငြိမ်းချမ်းခြင်းအလင်းရောင် ဆောင်ကြဉ်းပေးနိုင်မယ့်ရှေ့ဖြစ်ဟောထဲကဘုရင်က ပီတာဖြစ်နေလို့ပဲဖြစ်ပါတယ် ကြောက်တတ်တဲ့ပီတာတစ်ယောက် အန္တရာယ်တွေကြားထဲ စွန့်စားခန်းဝင်ဖို့ဖြစ်လာတော့တာပေါ့ပီတာဟာတကယ်ပဲရှေ့ဖြစ်ဟောထဲကအောက်ကမ္ဘာကိုကယ်တင်နိုင်မယ့်ဘုရင်တစ်ပါးဖြစ်မလား၊သူ့ရဲ့စွန့်စားခန်းခရီးမှာရော ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရဦးမလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်