Ali & Ratu Ratu Queens FHD

Ali & Ratu Ratu Queens

Comedy Drama FHD 2021-06-17 6.2 100 Min

အာလီဆိုတဲ့ ကောင်လေးရဲ့ဘဝမှာ မိဘတွေရဲ့သဘောထားမတိုက်ဆိုင်မှုကြောင့် ငယ်ငယ်ကတည်းကမိတဆိုးလေး ဖြစ်ခဲ့ရပြီး ဆွေမျိုးတွေက ချစ်ခင်ကြည့်ရှုပေးခဲ့ပေမယ့် မိခင်မေတ္တာကို လိုအပ်တောင့်တနေခဲ့ရပါတယ်. တစ်နေ့မှာ ဖခင်ဆုံးပါးသွားပြီး. အမေက သူထင်ထားသလိုမသေခဲ့ဘဲ သူ့အတွက် လေယာဉ်လက်မှတ် တစ်စောင်ထားခဲ့ပြီးသူနဲ့လည်း အတူရှိချင်တဲ့သူဖြစ်ကြောင်းကိုသိလိုက်ရချိန်မှာတော့.အရာအားလုံးကို နောက်ချန်ထားပြီး. မေတ္တာလေး တစ်စွန်းတစ်စ ရလိုရငြားစိတ်နဲ့ အင်ဒိုးနီးရှားကနေ နယူးယောက်အထိတစ်ယောက်တည်း ခြေဆန့်ခဲ့ပါတော့တယ်.သူ့အတွက်တော့အမေနဲ့တွေ့ရဖို့က ဦးစားပေးဖြစ်ခဲ့ပေမယ့်ထင်ထားသလို ဖြစ်မလာခဲ့ဘဲ အမေနဲ့တွဲဖက်ဟောင်း အင်ဒိုနီးရှားအမျိုးသမီးကြီးတွေနဲ့ တွေ့ပြီး အဖွဲ့ကျသွားပါတော့တယ်..ဘဝမှာ တစ်ခါတစ်လေကျရင်မထင်မှတ်ထားတာတွေလည်းဖြစ်လာတတ်ပေမယ့် ကျွန်တော်တို့တွေ ချစ်ခြင်းမေတ္တာကိုမထင်မှတ်ထားဆုံးနေရာကလည်း မျှော်လင့်မထားဘဲရရှိတတ်တယ် ဆိုတာကို ဒီ အင်ဒိုနီးရှားစကားပြောဟာသဒရမ်မာဇာတ်ကားလေးမှတစ်ဆင့် တင်ဆက်ပေးလိုက်ရပါတယ်.