Hachi A dog’s tale, Unfaithful, Pretty WomanRunaway Brideစသဖြင့်ကားတွေအပြင် 90s bornတို့ရဲ့အသည်းစွဲဖြစ်တဲ့ မင်းသားကြီး Richard Gereရဲ့actionဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ပေါလ် ရှာပတ်ဆန်ဆိုတာကတော့ CIAကအငြိမ်းစားယူထားတဲ့အေးဂျင့်တယောက်ပါ။ အမေရိကန်နဲ့ရုရှားတို့အကြားဆက်ဆံရေးတင်းမာလာချိန်မှာပဲရုရှားနဲ့မကင်းတဲ့အမေရိကန်လွှတ်တော်အမတ်တစ်ယောက်ကို ရုရှားလုပ်ကြံသတ်ဖြတ်ရေးသမားကသတ်ဖြတ်တာကိုခံခဲ့ရပါတယ်။ ဒီလုပ်ကြံသတ်ဖြတ်မှုက ပေါလ်လွန်ခဲ့တဲ့နှစ်၂၀ကဖမ်းဆီးလို့မရနိုင်ခဲ့တဲ့ဆိုဗီယက် လူသတ်သမား ကက်ရှီးယပ်စ်ဆိုသူရဲ့လက်ချက်နဲ့ဆင်တူနေတဲ့အတွက် ကက်ရှီးယပ်စ်အမှုကိုအထူးလေ့လာသူဖြစ်တဲ့ FBIအေးဂျင့် ဘန်ဂီရီနဲ့လက်တွဲပြီးအဖြေရှာဖို့ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူတို့ဒီလိုရှာဖွေနေရင်းမှာပဲတွေ့ရှိလာရတဲ့လျှို့ဝှက်ချက်တွေက တယောက်နဲ့တယောက်သံသဃတွေ၀င်လာစေခဲ့ပါတယ်။ပေါလ်ရဲ့ကက်ရှီးယပ်စ်နဲ့အတိတ်နောက်ကြောင်းတွေကဘာတွေလဲ။ဘန်ကလည်း ဘာ့ကြောင့် ကက်ရှီးယပ်စ်အကြောင်းကိုဒီလောက်စွဲလမ်းနေရတာလဲ။သူတို့နှစ်ယောက်စလုံးရဲ့လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲ။အဆုံးမှာတရားခံအစစ်ကဘယ်သူဖြစ်မလဲဆိုတာကိုThe Double ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦးခင်ဗျ။