ငယ်ငယ်ကတည်းကနေ ခင်လာပြီး တတွဲတွဲနေလာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်။ချစ်သူတွေဆိုလည်း ဟုတ်။မိဘအသိုင်းအဝိုင်းကလည်း လွပ်လပ်ခွင့်ပေးထားပေမဲ့ နေရင်းနေရင်း ဒီ RS ဆိုတာကြီးကို ငြီးငွေ့လာကြတယ်။မင်္ဂလာဆောင်မယ်လို့ စီစဉ်ထားရင်းကနေ စင်ဂယ်လ်ဘ၀ဆိုတာဘာလဲလို့ ချစ်သူက မေးလာတဲ့အခါမှာတော့ အလယ်တန်းကျောင်းတက်ကတည်းကတွဲလာတဲ့ သူတို့နှစ်ယောက် စင်ဂယ်လ်ဆိုတာ ဘာလဲ ရေရေရာရာမသိကြပါဘူး။ဒီတော့ RS ကို Pause လုပ်လိုက်ပြီး စင်ဂယ်လ်လုပ်ကြည့်ကြမယ်ပေါ့။ဇာတ်လမ်းနာမည်ကကို ငါတို့ရဲ့ စင်ဂယ်လ်ဖြစ်ရင်လုပ်မဲ့စာရင်းတဲ့။သူတို့တွေ စင်ဂယ်လ်ဘ၀ကိုပဲ တပ်မက်ပြီး စင်ဂယ်လ်ပဲ လုပ်လိုက်ကြမလားတယောက်ကိုတယောက် ပြန်တွယ်တာသွားပြီး အသက်ထက်ဆုံးပျော်ရွှင်စွာနေသွားကြလေသတည်းဆိုပြီးပဲ ဇာတ်သိမ်းသွားမလားဆိုတာလေးကိုRS တွေ ချစ်ကြည်နူးတစ်တီတူးကြပုံ စင်ဂယ်လ်ဘ၀ရဲ့ ငြိမ်းချမ်းသာယာပုံတွေကိုနှိုင်းယှဉ်ကြည့်လိုက်ရအောင်ပါ။