Finding You FHD

Finding You

Drama Romance FHD 2021-05-13 6.955 119 Min

စိမ်းလန်းတဲ့ရှုခင်းတောတောင်သဘာဝတွေနဲ့ အိုင်းရစ်ရှ်တေးဂီတတွေနဲ့အတူ ကမ္ဘာမတူတဲ့နှစ်ခုက လူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး ကြည့်ကြရအောင်ဗျာ။ဇာတ်လမ်းလေးကတော့ တယောဂီတ လူရွေးပွဲမဝင်လိုစိတ်ပျက်လက်ပျက်နဲ့ နိုင်ငံခြားပရိုဂရမ်ယူပြီး အိုင်ယာလန်ကိုအစ်ကိုခြေရာအတိုင်းနင်းပြီး သွားမယ့်ကောင်မလေးတစ်ယောက်။သွားနေတဲ့လမ်းခရီးမှာတင် ဘတ်ကက်ဆိုတဲ့နာမည်ကြီး မိန်းကလေးတွေအသည်းစွဲ ဟော့ရှော့မင်းသားနဲ့တွေ့ခဲ့ပါတယ်၊ တွေ့ကတည်းက ဘုနဲ့ဘောက်ပေါ့။ အိုင်ယာလန်မြိုငယ်လေးကိုရောက်တော့လည်းတည်းတဲ့နေရာမှာတစ်နေရာတည်းဖြစ်နေကြသောအခါ….ဘဝကို အပြောင်းအလဲဖြစ်ချင်နေတဲ့ ကောင်မလေးတစ်ယောက်ဒီနေရာသစ်တစ်ခုမှာ ပညာတွေဘယ်လိုယူပြီး တိုးတက်သွားနိုင်မလား…စိတ်ကြီးဝင်အသောက်အစား အပျော်အပါးမက်တဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ ဘဝအမှန်တွေ….တစ်ယောက်ကို တစ်ယောက် စတွေ့တုန်းက ကြည့်မရကြပေမယ့်ဘယ်လိုအဆင်ပြေပြီး အထောက်အပံ့တွေပေးနိုင်သွားမယ်…ဆိုတာကို ရိုက်ကူးထားတဲ့ အချစ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ စိမ်းစိုသာယာနေတဲ့ အိုင်ယာလန်ရှုခင်းတွေမျက်စိအေးအောင် ကြည့်ရမယ်၊အိုင်ရှစ်ရိုးရာသံစဉ်တွေဓလေ့တွေ လူအကျင့်စရိုက်လေးတွေ လေ့လာခွင့်ရမယ်။ခွင့်လွှတ်ခြင်း၊ မေတ္တာတရား၊ မိသားစု၊ သံယောဇဉ်တွေ ရသအဖုံဖုံခံစားရမှာပဲဖြစ်ပါတယ်။အားလုံးပဲကြည့်ရှုခံစားပြီးဘဝအမောပြေပျောက်နိုင်ကြပါစေခင်ဗျာ….