Smile or Hug HD

Smile or Hug

Comedy HD 2022-06-25 2.5 0 Min

ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့အတွက် ပေါ့ပေါ့ပါးပါးဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ သမီးရည်းစားဆက်ဆံရေးတွေ၊ သူငယ်ချင်းဆက်ဆံရေးတွေမှာ အချိန်တွေအကြာကြီးဖြတ်သန်းခဲ့တယ်ဆိုရင်တောင် အထင်လွဲတာ၊ နားလည်မှုလွဲတာလေးတွေ ရှိစမြဲပဲမဟုတ်လား။ သူငယ်ချင်းသံယောဇဉ်တွေမှာလည်း တစ်ခါတလေ မတိုက်ဆိုင်တာလေးတွေကြောင့် အဖုအထစ်လေးတွေ၊ မကျေနပ်မှုလေးတွေစုရင်း ပြဿနာတက်တတ်ကြတယ်လေ။ဒီလိုအခြေအနေမျိုးဆိုရင် ဘယ်လိုဖြေရှင်းတတ်ကြပါသလဲ။ ပြဿနာကို တစ်ယောက်တည်းအထင်နဲ့ဆွဲတွေးရင် အမှုပိုကြီးတတ်တယ်နော်။ ဒီလိုအချိန်မှာ “မျက်နှာချင်းဆိုင်ဖြေရှင်း”လိုက်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ အမှားတွေ၊အထင်လွဲမှုတွေကို ရှောင်ပုန်းမနေဘဲထိပ်တိုက်ရင်ဆိုင်လိုက်တာက အကောင်းဆုံးဆိုတာကို ဆန်တို့စ်ဆိုတဲ့ကောင်မလေးတစ်ယောက် သင်ယူလိုက်ရပုံလေးကို ကြည့်ရှုရမှာပါ။