ဒီတစ်ခေါက်မှာတော့ အမေရိကန် horror/thrillerဇာတ်ကားလေးတစ်ကား မိတ်ဆက်ပေးချင်ပါတယ်။နည်းနည်းအော်ဂလီဆန်စရာလည်းကောင်းတာကြောင့်အသည်းနုတဲ့သူတွေကြည့်ရင် နည်းနည်းသတိထားဖို့လိုပါလိမ့်မယ်။ပါကာမျိုးနွယ်မိသားစုဟာ ရှေးခေတ်ရိုးရာအလ့အထကိုလက်ခံကျင့်သုံးနေကြတဲ့ မိသားစုတစ်စုဖြစ်ပြီး သူတို့အဲလိုဆိုတာကို တစ်မြို့လုံးကလည်း ဘယ်သူမှမသိကြပါဘူး။မစ္စတာပါကာရဲ့သမီးနှစ်ယောက်ဖြစ်တဲ့ အိုင်းရစ် နဲ့ ရို့စ် တို့ဟာရုပ်ရောစိတ်ထားပါ လှပတဲ့သူတွေဖြစ်တာကြောင့် မြင်သမျှလူတိုင်းကလည်း ချစ်ခင်ကြပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာတော့အင်မတန်ကြောက်စရာကောင်းတဲ့ ဓလေ့တစ်ခုသူတို့ဆီမှာရှိနေခဲ့ပါတယ်။ တစ်ရက်ကျတော့ သူတို့ရဲ့ အမေဆုံးပါးသွားတဲ့နောက် မိသားစုရိုးရာကို ဆက်ဆံထိန်းသိမ်းဖို့ကသမီးကြီးဖြစ်တဲ့ အိုင်းရစ်ပေါ်ကျရောက်လာခဲ့ပါတယ်။စိတ်နှလုံးဖြူစင်သူတွေအတွက် ဒီကြောက်စရာဓလေ့ကြီးတစ်ခုကိုလက်ခံဖို့ ခက်ခဲလွန်းတာကြောင့် အိမ်ကနေရုန်းထွက်ဖို့ကြိုးစားကြမှာဖြစ်ပြီး သူတို့တွေအောင်မြင်သွားကြမလား၊သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ရှေးခေတ်ရိုးရာဓလေ့က ဘာများဖြစ်မလဲဆိုတာ စိတ်၀င်စားဖို့ကောင်းလွန်းတာမို့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားအဖြစ်ညွှန်းပေးလိုက်ရပါတယ်။