စတ်တရာဟာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ပြီး သူ့ခင်ပွန်းလောင်းနဲ့လက်ထပ်ရတော့မှာကို စိတ်လှုပ်ရှားနေရတဲ့သူပါ။ သူ့မှာအချစ်ဆုံးသူငယ်ချင်းအာရ်အိုဆိုတဲ့သူတစ်ယောက်ရှိတယ်။ သူ့အကြောင်းအစုံသိနေတဲ့သူပေါ့။တစ်နေ့ဒေဝါလီညမှာမင်္ဂလာဆောင်ဖို့ဒေလီသွားဖို့လုပ်ရင်း ရုံးကနေအပြန်မှာဒေဝါလီပိတ်ရက်ကြောင့် ရုံးတွေအစောကြီးပိတ်ကြပြီးစတ်တရာတစ်ယောက် ရုံးထဲမှာပိတ်ကျန်နေခဲ့တော့တယ်။ရုတ်တရက်သူ့သူငယ်ချင်းအာရ်အိုလည်း ရုံးခန်းထဲမှာပိတ်မိနေတဲ့အချိန်မှာတော့နှစ်ယောက်သား အပြင်ထွက်ဖို့ဘယ်လိုကြိုးစားကြမလဲ…စတ်တရာလည်းလက်ထပ်ဖို့အစီအစဉ်ပါဖျက်လိုက်ရတဲ့အခြေအနေမှာတော့…သူ့သူငယ်ချင်းကရောသူငယ်ချင်းအဖြစ်ရှိနေနိုင်ဦးမလားဆိုတာတော့မထင်မှတ်ထားတဲ့ plot twist တွေနဲ့စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပါ။