အိုင်တီသမားအဖြစ်နဲ့ ဘဝကိုဖြတ်သန်းနေတဲ့ တာရစ်ခ်ဟာဇနီးသည်နဲ့သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရပေမယ့်အဆိုပါအိမ်ထောင်ရေးကို စိတ်ကုန်နေတဲ့ သူလည်း ဖြစ်ပါတယ်။ အချစ်ခံရတဲ့ခံစားချက်ကို တောင့်တမိလာတဲ့သူ ရုံးဝန်ထမ်းသစ်လေး ဆယ်လ်မာကိုစွဲလမ်းမိလာခဲ့ပါတယ်။သူ ရုတ်တရက် အလုပ်က ထွက်သွားတယ်လို့ ကြားလိုက်ရချိန်. အလုပ်ထွက်သွားတဲ့ အကြောင်းရင်းကိုလိုက်လံစုံစမ်းရင်း ကန္တာရအပန်းဖြေစခန်းထိ လိုက်လံရှာဖွေရမယ်ဆိုတာကို သိလိုက်ရချိန်မှာလည်း လက်မလျှော့ဘဲ အဆုံးစွန်ထိ ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် ဒေသခံတွေရဲ့ ပုံပြင်တစ်ခုအရတော့ အဆိုပါနေရာမှာ ဖောက်ပြန်တဲ့/ ဇနီးသည်တွေအပေါ်မှာ ဆိုးသွမ်းတဲ့ယောကျ်ားတွေကို အပြစ်ပေးခဲ့ဖူးတဲ့ ဒဏ္ဍာရီတစ်ခု ရှိခဲ့ဖူးပါတယ်။ ကျောချမ်းစရာအဖြစ်အပျက်တွေ၊ ထူးဆန်းမှုတွေ ဆက်တိုက် ကြုံတွေ့ရင်း. အိပ်မက်လား တကယ့်အဖြစ်အပျက်လား မဝေခွဲနိုင်တဲ့အထိ သူ့ကို ထိန်းချုပ်ခံရလာချိန်မှာတော့ လှုပ်လေမြှုပ်လေ ဒီအခြေအနေကနေ ဆက်ရုန်းထွက်နိုင်မလား. သူ တွေ့ချင်ခဲ့သူကိုရော ဆက်လက်ပြီး ရှာတွေ့နိုင်ဦးမလား. ဒီနေရာရဲ့ နောက်ကွယ်က အမှန်တရားကရော ဘာလဲဆိုတာကို ငြိမ့်ငြိမ့်လေးနဲ့ပဲ တစိမ့်စိမ့်တွေးရင်းသည်းထိတ်ရင်ဖို ဖြစ်လာရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကိုပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။