Department HD

Department

Action Thriller HD 2012-05-18 6.3 141 Min

ရဲအရာရှိShivဟာ ရာဇဝတ်သားကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် တာဝန်ဆိုင်းငံ့ခံထားရသူဖြစ်ပါတယ်။မွန်ဘိုင်းမှာ ဒုစရိုက်ဂိုဏ်း၂ဖွဲ့ဟာအချင်းချင်းတိုက်ခိုက်နေကြတဲ့အတွက် ပြည်သူအများအပြားသေကြေထိခိုက်ခဲ့တာကြောင့် အာဏာပိုင်တွေကလဲ ဒုစရိုက်ဂိုဏ်းတွေကို ဖြိုခွဲဖို့Departmentလို့ခေါ်တဲ့ အဖွဲ့ကို ဖွဲ့စည်းကာ ရဲအရာရှိMahadev Bhosaleကို တာဝန်ပေးအပ်ခဲ့တယ်။Mahadevဟာ Shivကို သူ့အဖွဲ့ထဲဝင်ဖို့ဖိတ်ခေါ်ခဲ့ပြီး ဒုစရိုက်ဂိုဏ်းတွေကို သုတ်သင်ရှင်းလင်းဖို့ကြိုးစားခဲ့တယ်။ဒုစရိုက်မှုတွေကို တိုက်ဖျက်ချင်တဲ့ Shivဟာ အဖွဲ့ထဲဝင်ပြီးတော့ လူမိုက်တွေကိုတိုက်ခိုက်သတ်ဖြတ်ခဲ့ပေမဲ့ သူထင်သလိုမျိုး Departmentဟာ ရိုးရှင်းတဲ့အဖွဲ့အစည်းမဟုတ်သလို သူ့ခေါင်းဆောင်Mahadevဟာလဲ သူထင်ထားသလိုမျိုးလေးစားစရာခေါင်းဆောင်တစ်ယောက်မဟုတ်မှန်း သိလာခဲ့ပါတယ်။Shivတစ်ယောက် Mahadevရဲ့လျို့ဝှက်ချက်ကိုတွေကို ဖော်ထုတ်ပြီးတော့ မွန်ဘိုင်းက ဒုစရိုက်ဂိုဏ်းတွေကိုအနိုင်ယူတိုက်ခိုက်နိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။