အနောက်နိုင်ငံကလေးတွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားတဲ့ပီတာပန်ဆိုတာကို အားလုံးပဲ ကြားဖူးနားဝရှိကြမယ်ထင်ပါတယ်။ ကလေးတွေဟာ ညအိပ်ရာဝင်တိုင်း ပီတာပန်လာနိုးလာနိုးနဲ့ စောင့်နေတတ်တာကြောင့် တချို့မိဘတွေကတော့ ဒီလိုအယူသည်းတာမျိုးကို အားမပေးတတ်ကြပါဘူး။ဝမ်ဒီတို့မောင်နှမ ၃ယောက်ကတော့ ပီတာပန်ကို ယုံကြည်ရုံတင်မကဘဲ ပီတာပန်ရဲ့စွန့်စားခန်းတွေမှာပါ ဝင်ရောက်ပါရမီဖြည့်ချင်နေကြတာပါ။ တစ်ညမှာ ….. ပီတာပန်တစ်ယောက် လူကြီးတွေမသိအောင် ဝမ်ဒီတို့အခန်းဆီ ထပ်လာဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပီတာပန်ဟာ ဝမ်ဒီတို့မောင်နှမ ၃ယောက်ကို ရင့်ကျက်ခြင်းကင်းတဲ့ NeverLand မှာလိုက်နေဖို့ ခေါ်တဲ့အခါ . . . လူသားကလေး (၃)ယောက်အနေနဲ့ နတ်သူငယ်တို့ရဲ့မြေမှာ ကြုံရဆုံရမယ့်စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။1953 ကာလကို အခြေပြုတဲ့ဇာတ်လမ်းလေးဖြစ်တဲ့အပြင်Tinker Bell – Pirate Fairy နဲ့ပါ အချိတ်အဆက်ရှိနေတာမို့လို့ Disney Fan တွေအတွက် Nostalgia ဖြစ်စေမယ့်Animation ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။