ဒီဇာတ်ကားလေးက ၁၉၈၇ခုနှစ်ထွက် Vampire ဇာတ်ကားပါ။ ဒီကားထက်အရင် ၁၉၇၉ခုနှစ်မှာပဲ Salem’s lotဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားရှိပါသေးတယ်။ ဇာတ်ကား၂ကားလုံးက Salem’s loဆိုတဲ့မြို့ငယ်လေးကိုပဲအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ထူးဆန်းထွေလာတွေကိုရိုက်ကူးတင်ဆက်ပြတဲ့ ဂျိုးဟာ သားဖြစ်သူနဲ့အတူ အမွေရထားတဲ့အိမ်ကိုသွားတဲ့အခါမှာမြို့ငယ်လေးရဲ့တမူထူးနေပုံကိုသတိထားမိသွားပါတယ်။သားအဖ၂ယောက်လုံး Vampires တွေရဲ့မာယာကျော့ကွင်းမှာမိပြီး သူတို့မြို့ငယ်လေးမှာပဲနေသွားမှာလား၊ဒါမှမဟုတ်ရုန်းကန်ထွက်ပြေးကြမလားဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ