Jack FHD

Jack

Drama FHD 2014-10-09 7 99 Min

အဆုံးသတ်မှာ နှလုံးသားကိုကွဲအက်သွားစေတဲ့ ရုပ်ရှင်တွေဘဝမှာ ဘယ်နှစ်ခေါက်လောက်ကြည့်ဖူးကြလဲ ကျွန်တော့်အတွက်တော့ ဂျက်ဆိုတဲ့ ၂၀၁၄ ခုနှစ်ထွက် ဂျာမန်ရုပ်ရှင်တစ်ကားဟာ အပါဝင်ပဲ။ လောကကြီးကို လူမမည်ကလေးတစ်ယောက်ရဲ့ မြင်ကွင်းကနေကြည့်နေရသလိုပဲ။ ဂျက်ဆိုတဲ့ ချာတိတ်လေးဟာအရွယ်နဲ့မလိုက်တဲ့ တာဝန်ဝတ္တရားတွေကိုပုခုံးပေါ်ထမ်းပိုးပြီးမိခင်မေတ္တာတွေကိုငတ်မွတ်ရင်း ဘဝကို သတ္တိရှိရှိ ရင်ဆိုင်နေတဲ့ချာတိတ်လေးတစ်ယောက်ပဲ။ သားသမီးကိုအချိန်မပေးတဲ့ဘဝကိုအလေးနက်မထားဘဲ ခပ်ပေါ့ပေါ့နေတတ်တဲ့ကလေးနှစ်ယောက်နဲ့ တစ်ခုလပ်မိခင်ဖြစ်သူ ဆန်နာ ကို ဂျက်ဟာအရမ်းချစ်တယ်။ ညီဖြစ်သူ ကလေးလေးရဲ့ဝေရာဝတ်စတွေကိုဂျက်ဖြစ်သူပဲ ခြေအစခေါင်းအဆုံးလိုက်လုပ်ပေးတယ်။နောက်တော့မိခင်ဖြစ်သူဟာ ဂျက်ကိုလူငယ်ဂေဟာပို့အငယ်ကောင်လေးကိုသူငယ်ချင်းနဲ့ အပ်ပြီး ရုတ်တရက်ပျောက်ဆုံးသွားတယ်ဆက်သွယ်လို့မရတော့ဘူး။ ဒီလိုနဲ့ပဲ မိခင်မေတ္တာကို ငတ်မွတ်လွန်းတဲ့ဂျက်တို့ညီအစ်ကို နှစ်ယောက်သား ဘာလင်မြို့ရဲ့လမ်းမတွေပေါ်မှာမိခင်ရှာပုံတော်ဖွင့်ပါတော့တယ်။ ချာတိတ်နှစ်ယောက်ကွန်ကရစ်တောကြီးထဲ နေ့နေ့ညည ဘယ်လိုတွေဖြတ်သန်းကြမလဲဆိုတဲ့ အတွေးနဲ့တင်အုပ်စီးလွန်းလှပါတယ်။ ဒီလိုနဲ့ရှာပုံတော်ကြီးအဆုံးမှာ ဂျက်ဟာ ဘာတွေကိုနားလည်ပြီးဘယ်လိုဆုံးဖြတ်ချက်မျိုး ချခဲ့လဲ ဆိုတာ ဆက်လက်ကြည့်ရှုကြည့်ပါ။