An Unforgettable Year – Autumn FHD

An Unforgettable Year – Autumn

Drama Music Romance FHD 2023-06-08 7.192 102 Min

ဆောင်းဦးရာသီမှာ ဖြစ်ပျက်လေ့ရှိတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုကိုရိုက်ကူးပြထားတဲ့ ဘရာဇီးကားလေးပါ။ဇာတ်လိုက်ဖြစ်တဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ ဘဝဖြတ်သန်းပုံချင်း၊ရည်မှန်းချက်ချင်းမတူဘဲ ဆုံဆည်းခဲ့ရပုံလေးကိုမြင်တွေ့ရမှာပါ။ဘာလို့ဆို ကောင်လေးက ဂီတမှ ဂီတ အရူးအမူးဖြစ်နေပြီး ဘဝကို သီချင်းနဲ့ပဲဖြတ်သန်းဖို့ စိတ်ကူးထားသူပါ။လူငယ်ပီပီ ‌ပေါ့ပေ့ါပါးပါးလွတ်လွတ်လပ်လပ် ပျော်ပျော်နေတတ်ပြီး အိပ်မက်တစ်ခုနောက်လိုက်နေသူပေါ့ကောင်မလေးကျတော့ ဂီတကို လုံးဝမကြိုက်တဲ့အပြင်နာကျည်းနေပါသေးတယ်။နာကျည်းတာကလည်းအကြောင်းအရင်းတော့ရှိပါတယ်။ပြီးတော့ ကောင်မလေးစိတ်ဝင်စားတာကတော့ သေချာရေရာတဲ့ ရှေ့နေအလုပ်။ဒီအလုပ်ကို ရဖို့အတွက် ဘာမဆို ဘေးဖယ်ပြီး ကြိုးစားလွန်းသူလေးပါ။ကံကြမ္မာကြောင့်ပဲသူတို့ နှစ်ယောက် ဆောင်းဦးရာသီလေးတစ်ခုမှာ ဘယ်လိုတွေ့ဆုံကြုံကွဲရမလဲဆိုတာသီချင်းလေးတွေလိုက်နားဆင်ရင်း ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ။