နယူးယော့ခ်မြို့မှာ သူ့ရဲ့လုပ်ငန်းလေးကို အစပျိုးဖို့ကြိုးစားနေတဲ့ ဆယ်လီနာမည်ကျော်တွေရဲ့ အရှုပ်တွေကောလဟလတွေကို အချစ်တွေအဖြစ်ပြန်ပြောင်းယူပေးရတဲ့ ကိုယ်ရေးကိုယ်တာတာဝန်ခံ ဟေဇယ်မေလာတစ်ယောက်သူ့ရဲ့လုပ်ငန်းပိုမြဲဖို့အခွင့်အရေးတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီအခွင့်အရေးကတော့ ဘေ့စ်ဘောလောကမှာ နာမည်ကျော် ဘောလုံးပစ်သမားတစ်ယောက်အဖြစ် ကျော်ကြားနေတဲ့ သူ့ရဲ့ငယ်ချစ်ဟောင်း ဒီအေဂိုဗက်စ်ကက်ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ကမ္ဘာ့စီးရီးပွဲစဥ်တုန်းက အကြောင်းတစ်စုံတစ်ရာကြောင့် ကွင်းထဲမှာ ဆက်မကစားဘဲ ရပ်နေမိတဲ့အတွက် အသင်းရဲ့ ဖလားရမယ့်အခွင့်အရေးကိုလွဲစေခဲ့တဲ့ ဒီအေဂိုတစ်ယောက် ဘေ့စ်ဘောလောကထဲပြန်ဝင်ဖို့ ပရိသတ်တွေရဲ့ အကောင်းမြင်မှုကိုလိုအပ်နေပါတယ်။ အဲဒီလိုပြန်ဝင်ဖို့အတွက် ဟေဇယ်ကကမ်းလှမ်းခံရပြီး ဒီအေဂိုအကြောင်း ဆောင်းပါးရေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ဒီအကြောင်းရေးဖို့ သူတို့ရဲ့ဇာတိလေးဆီပြန်လာရင်း သူတို့နှစ်ယောက် အတိတ်တုန်းက ဘာလို့လမ်းခွဲခဲ့ရတာလဲ… သူတို့နှစ်ယောက်ကြားမှာ အချစ်တွေပြန်လည်ပေါက်ဖွားလာမလား… ဒီအေဂို ကွင်းလယ်ထဲရပ်ခဲ့မိတာကရောဘာကြောင့်လဲ.. ဆိုတာတွေကို ရိုမန်တစ်ဆန်ဆန် ကြည့်ရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။