အရမ်းချစ်ကြတဲ့သူငယ်ချင်းသုံးယောက်ရဲ့အချစ်ရေးနဲ့အလုပ်အကိုင်တွေကိုဘယ်လိုတွေကျော်ဖြတ်ပြီးကိုင်တွယ်ကြလဲဆိုတာကို တင်ဆက်ထားတဲ့မိန်းကလေးတွေအတွက်အင်အားဖြစ်စေမယ့်အချစ်ဒရာမာကားလေးကိုCMမှတင်ဆက်ပေးလိုက်ပါတယ်။သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ Liu Jing ဟာစံပြစားသောက်ဆိုင်တစ်ခုဖွင့်လှစ်သော်လည်းအခြေနေမကောင်းတဲ့စီးပွားရေးအခြေအနေကြောင့် လမ်းကြောင်းပြောင်းဖို့တွေးနေခဲ့တယ်။လှပသောမိန်းကလေးဖြစ်တဲ့ Fang Xinဟာ သူဟာအလုပ်မှာအလှပြဖို့ပဲအသုံးဝင်တာ မဟုတ်ကြောင်း သက်သေပြဖို့စိတ်အားထက်သန်နေခဲ့ပေမယ့် ကိုယ်ဝန်ရလာလို့ သူ့ဘဝစည်းချက်တွေပျက်သွားပါတယ်။သန်မာတဲ့မိန်းကလေးဖြစ်တဲ့ Xia Mengက အနိုင်ရမှုနဲ့နေသားကျနေပေမယ့်အရှုံးကို ဘယ်လိုလက်ခံရမလဲဆိုတာ နားမလည်နိုင်သေးပါဘူး…ဘဝမှာဒုက္ခလေးတွေအမြဲကြုံနိုင်ပေမယ့်……သူငယ်ချင်းကောင်းဆိုတာကတော့ စိတ်ဓာတ်ခိုင်မာပြီးသတ္တိရှိရှိနဲ့ရှေ့ကို ဆက်လျှောက်ဖို့ ယုံကြည်မှုတစ်ခုပါပဲ……