ရွာလေးတစ်ရွာမှာကေတီနဲ့ အာမက်တို့ဟာ ရွာရဲ့ အုတ်ဂူကမ္ဗည်းကျောက်တိုင်လုပ်ငန်းကိုလုပ်ပြီးအသက်မွေးနေထိုင်ပါတယ်၊သူတို့မှာ အက်ဇ်မန်နဲ့ အာရီဆိုတဲ့ ကျောင်းသားအရွယ်သားနှစ်ယောက်လည်းရှိတယ်၊အက်ဇ်မန်က မိန်းကလေးအသက်ရွယ်တူကြားမှာ ပေါ်ပြူလာဖြစ်တဲ့သူတစ်ယောက်ပါ။တစ်နေ့ အာမက်တို့သားအဖနှစ်ယောက်အိမ်ပြန်လမ်းမှာအကူအညီတောင်းလို့အဖော်မဲ့နေတဲ့ သားအမိနှစ်ယောက်ကိုအိမ်ခေါ်လိုက်ရတယ်။ သူတို့နှစ်ယောက် ဒီရွာဝန်းကျင်ကမဟုတ်ဘဲအခြားနေရာကနေထွက်ပြေးလာတာပါ၊ ဘယ်လိုအကြောင်းကြောင့်ထွက်ပြေးရတာလဲ၊ အာမက်တို့မိသားစုကရောဘယ်လိုတွေအကူအညီပေးမလဲဆိုတာ ကြည့်ရှုပေးပါဦး