Raavana Kottam HD

Raavana Kottam

Action Drama HD 2023-05-12 8.3 134 Min

ဒီတစ်ခါမှာတော့ Raavana Kottamဆိုတဲ့ အိန္ဒိယပညာပေးဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။အိန္ဒိယမှာ နှစ်တိုင်း နိုင်ငံရေးသမားတွေရဲ့ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကြောင့်နစ်နာခဲ့ရတဲ့ လူငယ်တွေအများကြီးရှိနေပါတယ်။အမျိုးဇာတ်အဓိကရုဏ်းလို နာမည်တပ်ပြီးသူတို့လုပ်ချင်ရာလုပ်ကြတဲ့အတ္တသမားနိုင်ငံရေးသမားတွေရဲ့ ရက်စက်ပုံကိုရိုက်ကူးပြသထားတာပါ။ရွာနှစ်ရွာပေါင်းပြီး အုပ်ချုပ်စီမံခန့်ခွဲနေတဲ့ ရွာလေးမှာ နိုင်ငံခြားကုမ္ပဏီတွေကသတ္ထုကြောတွေ့ထားလို့ဆိုပြီးအဲ့နေရာကိုအပိုင်စိုးချင်နေကြပါတယ်။အဲ့တော့နည်းအမျိုးမျိုးနဲ့ရွာသားတွေကို ရွာမှာမနေနိုင်အောင် လုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ ဘယ်လိုပဲလုပ်လုပ် ရွာသားတွေကအရမ်းစည်းလုံးနေကြတာမို့လို့အရာမရောက်ဖြစ်နေပါတယ်။အဲ့ဒါကြောင့် အဲ့ဒီစည်းလုံးမှုကိုမရရအောင်ဖြိုခွဲခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ။ရွာသားတွေအကုန်ရွာကထွက်သွားမှာလား။အစိုးရကိုပဲ ပြန်လည်တိုက်ခိုက်မလားဆိုတာကိုရိုက်ကူးပြသသွားတာပါ။ရိုမန့်အရောလေးနဲ့အတူ ပညာပေးရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြည့်ရတာအဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်မှာပါ။