Rebel HD

Rebel

Action Drama Thriller HD 2022-08-31 8.413 135 Min

ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ “Rebel”ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ကာမယ်ဟာ ဘယ်လ်ဂျီယံနိုင်ငံသား ရက်ပ်ပါအဆိုတော်တစ်ယောက်ဖြစ်ပါတယ်ဆယ်ကျော်သက်လူငယ်ဖြစ်တဲ့အလျောက်ကာမယ်တစ်ယောက်လမ်းမှားရောက်ရင်း နောက်ဆုံးအကြမ်းဖက်အဖွဲ့ဝင်ထဲကို ရောက်သွားခဲ့ရပါတယ် အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့အတွက်တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေလုပ်ကြတာကိုမြင်ရတဲ့ ကာမယ်ဟာ ဒီအဖွဲ့ထဲကနေလွတ်မြောက်ချင်လာခဲ့ပါတယ် တစ်ဖက်မှာတော့ကာမယ်ရဲ့ညီဖြစ်သူနာဆင်ဟာ သူ့အစ်ကိုဖြစ်သူကိုအားကျပြီး အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ ဝါဒဖြန့်မှိုင်းတိုက်တာကိုခံနေရပါတယ်နာဆင်တစ်ယောက်သူ့အစ်ကိုရှိတဲ့နေရာကိုသွားဖို့အတွက် အရမ်းကိုစိတ်အားထက်သန်နေတာပေါ့အစွန်းရောက်အဖွဲ့တွေကြောင့် လမ်းမှားရောက်သွားခဲ့ရတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အဆုံးသတ်ကဘယ်လိုဖြစ်မလဲ၊ သူတို့ကိုယ်သူတို့ အန္တရာယ်ကင်းအောင်ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်