Kusum Manohar Lele HD

Kusum Manohar Lele

Drama HD 2020-09-05 8.3 0 Min

ဒီတစ်ခါမှာတော့ Kusum Manohar Leleဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါမယ်။ဆူဂျာတာဟာ အရင်ခင်ပွန်းဟောင်းရဲ့ အကျင့်ဆိုးတွေကြောင့်ကွာရှင်းခဲ့ပြီးနောက်အိမ်ထောင်ထပ်ပြုဖို့ လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာ မာနိုဟာလီလီဆိုတဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ဆူဂျာတာနဲ့ မာနိုဟာက အရမ်းကိုချစ်ခဲ့ကြပါတယ်။ဒါပေမဲ့မာနိုဟာ့ဘက်က လုံးလုံးမကွာရှင်းရသေးပါဘူး။အဲ့တော့သူတို့ကလက်မထပ်သေးပဲအတူတူနေခဲ့ကြပါတယ်။နောက်ပြီး သားလေးတစ်ယောက်လည်း မွေးခဲ့ပါတယ်။သားလေးအသက်၃လပြည့်တဲ့ရက်မှာ ဆူဂျာတာဟာကံကြမ္မာဆိုးကြီးနဲ့ကြုံခဲ့ရပါတယ်။အရင်အိမ်ထောင်ရေးမှာကံမကောင်းခဲ့တဲ့သူမဟာ နောက်အိမ်ထောင်သစ်မှာရော ကံကောင်းပါ့မလား။သူ့ရဲ့ကံဆိုးမှုတွေကဘယ်အထိ သွားမှာလဲဆိုတာကိုရင်နင့်ဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်အိမ်ခိုင်တဲ့ဇာတ်ကားလေး ဖြစ်တဲ့အတွက်မလွတ်တမ်းစောင့်မျှော်ကြည့်ရှုပေးကြပါ