The Wrath of Becky HD

The Wrath of Becky

Action Horror Thriller HD 2023-05-26 6.667 83 Min

ဒီကားလေးကတော့ ၂၀၂၀ လောက်ကထွက်ခဲ့တဲ့ “Becky” ဆိုတဲ့ကားလေးရဲ့ အဆက်ဖြစ်ပါတယ်ဒီကားထဲမှာတော့ ဘက်ကီတစ်ယောက် သူ့ရဲ့မိသားစုဆိုးဆိုးရွားရွားတိုက်ခိုက်သတ်ဖြတ်ခံရပြီးနှစ်နှစ်ကြာတဲ့နောက်မှာမွေးစားမိဘတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းရင်းနေထိုင်နေတာပေါ့ ဒီလိုနဲ့ အသက် ၁၆ နှစ်လောက်ရောက်တဲ့အချိန်မှာတော့ဘက်ကီဟာ ကြင်နာတတ်တဲ့အဘွားကြီးတစ်ယောက်ဖြစ်တဲ့ အယ်လီနာနဲ့ သူ့ဘဝကိုဖြတ်သန်းဖြစ်ခဲ့ပါတယ် ဘက်ကီတစ်ယောက်အယ်လီနာနဲ့ကောင်းကောင်းနေမယ်မကြံခင်မှာပဲ Noble man(မြင့်မြတ်သူများ)အကြမ်းဖက်အဖွဲ့ဝင်တွေဟာ သူတို့အိမ်ကိုကျူးကျော်လာပြီးအယ်လီနာ့ကိုသတ်ဖြတ်သွားတဲ့အပြင် ဘက်ကီသိပ်ချစ်ရတဲ့ခွေးကိုလည်း ခေါ်သွားခဲ့ပါတယ်ဘက်ကီတစ်ယောက် ဒီလူဆိုးတွေကို ဘယ်လိုပြန်ပြီးတော့ လက်စားချေသွားမလဲဆိုတာကို လုံးဝကိုသွေးသံရဲရဲနဲ့ကြည့်ရှုကြရမှာဖြစ်လို့ဇာတ်ကြမ်းကားတွေကြိုက်တဲ့သူတွေနဲ့တော့ ကွက်တိဖြစ်မှာပါပဲ