ဒီဇာတ်ကားထဲမှာတော့ ဗီဂျေးကို ဘောလုံးသမား၊ လူမိုက်ကြီး၊ နည်းပြ စသဖြင့် ပုံစံမျိုးစုံ မြင်ရပြီး အဖေလိုတစ်မျိုး သားလိုတစ်ဖုံ တွေ့ရမှာပါ။ အဖေ ပေးတဲ့ အိပ်မက်ကို သားမက်ခွင့်ရခဲ့ပေမဲ့… လွဲချော်ခဲ့ရတယ်။ ဒီအိပ်မက်တွေကို သူ ပြန်လည် အကောင်အထည်ဖော်ဖို့.. ကြိုးစားရင်း ထပ်လွဲချော်ခဲ့တယ်။ သို့ပေမဲ့…. ‘တချို့အိပ်မက်တွေကို ကိုယ်မဖြစ်ခဲ့လို့ သူတပါးကို ဖြစ်စေချင်မိတာ လူတိုင်းရဲ့ ဆန္ဓပါ’ ‘ဒါပေမဲ့ ကိုယ့်အိပ်မက်ကိုတော့ ကိုယ်တိုင်ပဲ အကောင်အထည်ဖော်ရတာပဲမလား’