ပါးစပ်မစေ့ပဲနဲ့ ရယ်နေရမယ့် ဟာသကားလေး လာပါပြီဗျာတစ်ခုတော့ပြောမယ် IMDB Rating သွားမကြည့်လိုက်နဲ့ဒီကားမှာတော့ အဲဒီဟာ တကယ်မှားတယ်၊ ကြည့်ကြည့်လိုက်မင်းသား Rob Schneider ရဲ့ အဖောက်သရုပ်ဆောင်ချက်တွေနဲ့တင် တန်စေရမယ်။ ဇာတ်လမ်းအကျဉ်းလေးက ဒီလို ကိုယ်တွေဆရာသမားမာဗင်ဆိုတာ သောက်တလွဲကောင် အရှုံးသမား၊ အဖေကရဲဖြစ်ခဲ့လို့ ရဲဖြစ်ချင်ပေမဲ့ အရည်အချင်း မပြည့်မှီတဲ့ကောင်ရဲဖြစ်ဖို့စာမေးပွဲ ဖြေတိုင်းလည်း အမြဲကျနေကြ၊ ကြိုက်တဲ့ဆော်လေးကလည်း သဘာဝထိန်းသိမ်းရေးနဲ့ တိရစ္ဆာန်ချစ်ဘာညာပေါ့ဗျာ။ စခန်းမှာလည်း အကုန်လုံး ဝိုင်းနှိမ်ခံထားရတော့တစ်ရက်ကျ တစ်စခန်းလုံးဘောပွဲသွားနေကြတုန်း ဓားပြမှုဖုန်းဝင်လာတယ်၊ အရာရှိတွေ ဆက်မရတဲ့အဆုံး သူကိုယ်တိုင်သွားကယ်တင်ရာကနေ လမ်းမှာတင် ကားမှောက် ခွေးဖြစ်ပါလေရော သေလုနီးပါးပဲ။ ဒါပေမဲ့ နောက်နေ့ကျပြန်ကောင်းလာတယ်ထင်တာ တကယ်က မဟုတ်ဘူး သူပျောက်နေတာ ၈ ရက်လောက်ရှိနေပြီ နောက်ပြီး သူ ထူးဆန်းနေတယ် သတ္တဝါပေါင်းစုံလိုပြုမူနေပြီး ထိန်းချုပ်မှု လွတ်လွတ်သွားတယ်။တကယ်တမ်းအဲဒီအတွက် အဖြေက သူ ကားမှောက်နေတဲ့အချိန် သိပ္ပံပညာရှင်ဆရာဝန်ကြီးက တွေ့ပြီး ကယ်ဖို့ အင်္ဂါအစိတ်အပိုင်းလိုတာကိုတိရစ္ဆာန်ဟာတွေ ထည့်ပြီး ခွဲစိတ်ကုသလိုက်ရာကနေလူစင်စစ်ကနေ တိရစ္ဆာန်လုံးလုံး ဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ တဖြည်းဖြည်းလူသားစိတ်ကိုကျော်လွန်ပြီး တိရစ္ဆာန်စိတ် များလာတဲ့အချိန်မှာတော့…..။ အညွန်းအတိုင်းပါပဲ ဒီဘဲကြီးတိရစ္ဆာန်စိတ်ပေါက်ပြီးပရမ်းပတာလုပ်တဲ့အချိန်တွေ အခွီရဆုံး အချိန်တွေပါပဲ ခွေးတွေလိုဖြစ်တာတို့ မိတ်လိုက်ချင်တာတို့ဆို တကယ်အတောမသတ်ရပဲရယ်နေရတာ။ ဒီဟာသမင်းသားကြီး သရုပ်ဆောင်ပြီးထိန်းသွားတာလည်းပါတယ် မင်းသမီးလေးကလည်း ငယ်ဘဝတုန်းက ချစ်သုဝေတို့လို ဒီဇိုင်းနဲ့ ချစ်စရာလေး ခက်တာ ဒီကားပြီးတော့ ဆက်ရိုက်ကူးခြင်းမရှိခဲ့တော့ အလွမ်းပြေပဲ ကြည့်ရတာပေါ့လေ။ ကဲစိတ်ညစ်နေရင်တော့ ဒေါင်းသာကြည့်လိုက်ပါတော့ တစ်ခုရှိတာက အဖော်အချွတ်အိပ်ရာခန်းမပါပေမဲ့ လိင်ဟာသလေးတွေ ပါတာမို့ ကလေးသူငယ်ရှိတစ်ချက် သတိထားစေလိုပါတယ်ဗျ။