Kisi Ka Bhai... Kisi Ki Jaan HD

Kisi Ka Bhai... Kisi Ki Jaan

Action Comedy Romance HD 2023-04-21 6.1 144 Min

ဇာတ်လမ်းအကျဉ်းကတော့ အကိုကြီးဂျန်းဆိုတဲ့ ဆလူးဘိုင်နဲ့ ညီသုံးယောက်ရှိပါတယ်သွေးမတော်သားမစပ် မိဘမဲ့ဂေဟာကပါ သူတို့ကို အကိုကြီးဂျန်းက မိဘမဲ့ဂေဟာမီးလောင်တော့မွေးစားခဲ့ပြီး သူ့ညီသုံးယောက်နဲ့သူရဲ့ သံယောဇဉ်ကို အပြတ်မခံနိုင်လို့ အိမ်ထောင်မပြုပဲလူပျိုကြီးလုပ်နေပါတယ် (အပြင်မှာကတော့ ကျန်ရစ်ဂေါ်မစွံပါ)ဒါပေမဲ့ သူ့ညီသုံးယောက်ကတော့ အကိုကြီးလို အိမ်ထောင်ရေးကိုရန်ငါမပြတ်ပဲ ရည်းစားလေးတွေ ကိုယ်စီခိုးထားထားပါတယ်အကိုကြီးကိုလည်း အရမ်းချစ် ရည်းစားလေး‌တွေကိုလည်းမခွဲနိုင်တော့အကိုကြီး လူပျိုကြီးကိုပဲ အစွံထုတ်ပေးဖို့ သူတို့အကိုကြီးရဲ့ ex ကိုမွမ်ဘိုင်းထိသွားရှာပြီး ခေါ်မလို့လုပ်ခဲ့ပေမဲ့အကိုကြီးရဲ့ ex ကတော့ သူများရင်ခွင်ထဲရောက် လင်ရလို့ ကလေးတစ်ယောက်ပါမွေးနေပြီမို့ အကိုကြီးကို သူ့ ex နဲ့နာမည်တူအမကြီးတစ်ယောက် ခေါ်လာပေးပြီးဂျင်းထည့် ဝိုင်းအောင်သွယ်ပေးတဲ့အခါမှာ ဘာဆက်ဖြစ်လာမလဲ  ညီအကိုတွေဘယ်လိုလွဲကြဦးမလဲ စသဖြင့် အက်ရှင် အချစ် ဒရမ်မာ စုံလင်နေအောင် ကြည့်ရှုရမဲ့ကားဖြစ်ပါတယ်လူပျိုကြီး ဆလူးဘိုင်တစ်ယောက် အပြင်က သူ့အချစ်ဇာတ်လမ်းနဲ့တောင်ဆင်နေတဲ့ကျန်ရစ်ဇာတ်လမ်းလေးနဲ့အတူ သီချင်းလေးတွေဝေဝေဆာဆာနဲ့ဘယ်လိုကြမ်းရမ်းပြမလဲဆိုတာကို ပရိသတ်တို့ အားပေးကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်