Wicked Games HD

Wicked Games

Horror Thriller HD 2021-10-16 4.4 87 Min

Wicked Games (2021) ဂိမ်းတစ်ခု ဆော့ကြမယ်။ အနိုင်ရသူကတစ်ယောက်တည်း။ ကျန်တဲ့သူတွေ အကုန်သေလမ်း။ ဆိုတော့ဒီဂိမ်းက သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ။ သူတို့ဆော့ကြမယ့်ဂိမ်းကတော့ ဒီလို။ကီးလ် နဲ့ ဟာလီတို့က အွန်လိုင်းပေါ်ကနေ တွေ့ကြပြီး ချစ်သူတွေဖြစ်လာကြတဲ့သူတွေပေါ့။ တစ်ရက်မှာတော့ ဟာလီတစ်ယောက်ကီးလ်ရှိတဲ့ဆီ လာတွေ့ခဲ့ပြီး မကောင်းသတင်းတွေ ပျံ့နေတဲ့ ကီးလ်ရဲ့ မိသားစုစံအိမ်တော်ဆီကို လိုက်လာခဲ့တယ်။ အဲဒီစံအိမ်တော်မှာကီးလ်ရဲ့ မိဘနှစ်ပါးစလုံး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်သွားကြပြီး အဲဒီအိမ်ဝန်းအတွင်းမှာပဲ မြှုပ်နှံထားခဲ့တယ်တဲ့။စံအိမ်ကိုရောက်ပြီး နောက်တစ်နေ့မှာ ဟာလီတစ်ယောက် ဝုန်းကနဲအသံကျယ်ကြီးတစ်ခု ကြားလိုက်ရပြီး ကီးလ်က သွေးအိုင်ထဲမှာလဲကျသေဆုံးနေတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ ၉၁၁ ကို ဖုန်းဆက်လိုက်တဲ့အချိန်မှာပဲ ဂိမ်းစတင်ပြီဆိုတဲ့ အသံနဲ့ မျက်နှာဖုံးစွပ်လူတွေရောက်လာပြီး သူမကို သတ်ပစ်ဖို့ အသည်းအသန်လိုက်ကြပါတော့တယ်။သူတို့တွေ ဆော့ကြတဲ့ဂိမ်းမှာ ဘယ်သူအနိုင်ရသွားမလဲဆိုတာကတော့……။