အထီးကျန်ရမှာကိုကြောက်တဲ့ဘိုလန်လီအတွက်ချစ်ရသူက ကိုဗစ်ကာလအတွင်းရှေ့တန်းကတိုက်ပွဲဝင်ရမဲ့ ဆရာဝန်တစ်ယောက်ဖြစ်နေခဲ့တဲ့အပြင်ထင်မှတ်မထားတဲ့ဖောက်ပြန်မှုတွေကိုပါလုပ်နေခဲ့တဲ့အခါမှာတော့ ဘိုလန်လီ့အနေနဲ့ ဒီထဲကရုန်းထွက်ဖို့ ဘယ်လိုတွေကြိုးစားရမလဲ။သူ့ဘဝရဲ့အချစ်စစ်ကို ဘယ်လိုများရှာတွေ့သွားမလဲ။လော့ဒေါင်းကာလအတွင်းသူ့ဘဝအတွက်တက်လမ်းတစ်ခုကို ရှာဖွေနိုင်ပါ့မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ဇာတ်ကားကတော့ Love in A Pandemicကပ်တွင်းကချစ်ခြင်းလို့အမည်ရပြီးပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ Romance comedy အမျိုးအစားဖြစ်တာကြောင့် ဇာတ်ကားလေးကြည့်ရင်းမိမိရဲ့ကိုဗစ်ကာလအမှတ်တရတွေကိုစမြုံပြန်လွမ်းနိုင်ကြပါစေဗျ