Daughter of the Bride HD

Daughter of the Bride

Comedy HD 2023-02-03 5.5 102 Min

အခု မိတ်ဆက်ပေးမယ့် Daughter of the Bride ဆိုတဲ့ ဇာတ်ကားလေးကတော့ IMDb 7.3/10 အထိ ရရှိထားတဲ့ ဟာသဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။၂၀၁၅ တုန်းက ထွက်ရှိထားတဲ့Scout Guide to the Zombie Apocalypse မှာ မင်းသမီးတစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးတော့ အခြားနာမည်ကြီး Drama ဇာတ်ကားတွေမှာလည်းဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Halston Sage ရဲ့ကားသစ်လေးပါ။ ဒါ့အပြင် နှစ်ပေါင်း ၃၀ ကျော် ဝါရှိတဲ့ သရုပ်ဆောင် Aidan Quinn နဲ့ မင်းသမီးကြီး Marcia GayHarden ကပါ အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားတာဖြစ်လို့ သရုပ်ဆောင်ပိုင်းကတော့ လုံးဝကို ရှယ်ပါပဲ။ဇာတ်ကြောင်းလေးဟာဆိုရင်တော့ဖြင့် ဖခင်နဲ့ အကြောင်းအမျိုးမျိုးကြောင့်ကွဲသွားခဲ့ရတဲ့သမီးနဲ့အမေနှစ်ဦးအပေါ် အခြေခံပြီးတော့ ရိုက်ကူးထားပါတယ်။ ဇာတ်ဆောင် မင်းသမီးလေးဖြစ်တဲ့ ကိတ်ဟာ ငယ်စဉ်ကတည်းက မိခင်နဲ့ပဲ နှစ်ဦးတည်းကြီးပြင်းလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာလည်းရှိရင်းစွဲအခြေအနေမှာပဲ ကျေနပ်တင်းတိမ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း အချစ်ဆိုတဲ့ ဆန်းကြယ်တဲ့အရာကို နှစ်ဦးလုံး မြည်းစမ်းလိုက်ရတဲ့အခါ သမီးနဲ့မိခင်နှစ်ဦးကြားမှာ ပြဿနာအကြောင်းကြောင်းဖန်လာပါတော့တယ်။ ကိတ်တီလေးဟာ မိခင်ရဲ့ နောက်အိမ်ထောင်ပြုမယ့်ကိစ္စကြောင့် စိတ်သောကရခဲ့ရုံသာမက သူကိုယ်တိုင်ကလည်း ဘယ်လိုရိုမန်တစ်ဆန်ဆန် အဖြစ်အပျက်တွေကိုရင်ဆိုင်ကြုံတွေ့ခဲ့ရလဲဆိုတာအပြင် ရသမျိုးစုံ ခံစားရစေမယ့် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။