Iron Sky FHD

Iron Sky

Action Comedy Science Fiction FHD 2012-03-10 5.7 93 Min

ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ နာဇီတချို့ဟာလရဲ့အမှောင်ခြမ်းမှာ ခံတပ်တခုသွားတည်ဆောက်ပြီးဟီလီယမ်-၃ ဓာတ်ငွေ့တွေကို တူးဖော်ရင်း နှစ် ၇၀ ကျော်ပုန်းအောင်းနေခဲ့ပါတယ်။ တနေ့မှာအမေရိကန်သမ္မတရဲ့ရွေးကောက်ပွဲ ပရိုမိုရှင်းတဖြစ်လဲ လဆင်းသက်ရေးယာဉ်တစီးက သူတို့စခန်းကို မတော်တဆတွေ့သွားတဲ့အခါမှာတော့ကမ္ဘာကြီးကို နာဇီတို့ရဲ့စစ်လက်နက်အသစ် ဂိုတာဒန်မယ်ယာဉ်ကြီးနဲ့အတူတူပြန်လည်ဆင်းသက်ပြီး ဂျာမန်စတုတ္ထအင်ပါယာကြီးရဲ့ကျူးကျော်စစ်စဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီဇာတ်ကားမှာ Marvel နဲ့ Disney တို့မတိုင်ခင်သူ့ခေတ်သူ့အခါရဲ့ ကွန်ပျူတာပြုလုပ်ချက်တွေအနေနဲ့အတော်လေးကောင်းမွန်သလို နိုင်ငံကြီးတွေရဲ့အကြောင်းမသိမသာ လှော်ထားတဲ့ဟာသတွေ နာဇီတွေနဲ့ပန်းကန်ပြားပျံသီအိုရီတွေစသဖြင့်တွေ့ကြရမှာဖြစ်လို့ပရိတ်သတ်ကြီးကရှုစားအားပေးကြပါဦး……