ဒီတစ်ခါဇာတ်ကားလေးကတော့ South Africaက လူငယ်လေးတစ်ယောက်ရဲ့အကြောင်းကိုဇာတ်အိမ်တည်ထားတဲ့ coming-of-age moviesအမျိုးအစားလေးပါ။Africaကားဆိုပေမယ့် ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းသလိုအပိုတွေ overactingတွေသိပ်မလုပ်ဘဲ ရိုးရိုးရှင်းရှင်းလေးကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားဗျ။ဇာတ်လမ်းအကျဥ်းကတော့ တူလာနီဟာ မျက်မှန်တကားကား၊ ပုံတုံးတုံးနဲ့လူရည်မလည်တဲ့ စာဂျပိုးတစ်ယောက်ပါ။သူ့မှာ ၆နှစ်လောက်တွဲလာတဲ့ကောင်မလေးရှိတယ်။ကောင်မလေးကျတော့ ခပ်ဟော့ဟော့ခပ်လန်းလန်း၊ ရီးစားထားတာကို အနာဂတ်အငြိမ်းစားအစီအစဥ်လို့မြင်တဲ့ gold diggerလေးပေါ့။ဆိုတော့ တစ်နေ့ကျတော့ ကောင်မလေးက တူလာနီကို ပုံတုံးကြီးမို့ရိုးတယ်၊အန္တရာယ်တွေကြား စွန့်စားပျော်မွေ့ချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖြတ်သွားပါတယ်။အသဲကွဲပြီးနောက် တူလာနီတစ်ယောက် ရီးစားဟောင်းကို ပြန်အပိုင်သိမ်းနိုင်ဖို့ လူကြမ်းလူရမ်းဖြစ်ချင်တယ်ဆိုပြီးဆရာတင်ရမယ့်သူကိုလိုက်ရှာပါတော့တယ်။သူငယ်ချင်းဖြစ်သူဆီက အကူအညီတောင်းပေမယ့် “လူရည်လည်ပြီး စမတ်ကျချင်ရင် ရေလျှော့ချိုးကွာ”ချည်းပဲပြောနေလို့ တူလာနီတစ်ယောက် အကြံအိုက်နေပါပြီ။ဒီကစပြီး စိတ်ဝင်စားဖို့ကောင်းလာပြီမို့ တူလာနီတစ်ယောက် ရည်းစားဟောင်းကို ပြန်လိုက်နိုင်မလား၊ အသစ်ပဲရသွားမလား၊ဘာဒုက္ခ၊သုခတွေကြုံပြီး ဘာတွေဆက်ဖြစ်ကြမလဲ ဇာတ်လမ်းထဲမှာ ဆက်ဆက်ကြည့်ရှုလိုက်ပါဗျ။