Make Me Believe HD

Make Me Believe

Comedy Romance HD 2023-06-23 6.7 104 Min

ရုပ်ရှင်မှာ အဆင့်အတန်းမနည်းလှတဲ့ တူရကီရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။တူရကီလို့ဆိုလိုက်တာနဲ့ ဥရောပ-အာရှ ကပြားတွေဖြစ်တာကြောင့် မင်းသားမင်းသမီးတွေအရမ်းချောကြတာ အားလုံးအသိပါပဲ။ ဒီဇာတ်လမ်းမှာတော့အချစ်အမုန်းဆက်ဆံရေးဒွန်တွဲနေတဲ့လူငယ်လေးနှစ်ယောက်အကြောင်းကို ရှုခင်းလှလှနဲ့ Netflixရဲ့ သင်္ကေတဖြစ်တဲ့ အရောင်အသွေးစုံစုံနဲ့ ရှုစားရမှာပါ။ဇာတ်ကြောင်းအနေနဲ့ကတော့ အဘွားချင်းသူငယ်ချင်းတွေဖြစ်ကြတဲ့ Sahraနဲ့ Denizတို့ဟာအဘွားဖြစ်သူတို့ အပို့ကောင်းမှုနဲ့ နယ်ကိုပြန်လာပြီး ဆုံဖြစ်ကြပါတယ်။ ငယ်သူချင်းတွေလည်းဖြစ်ကြတဲ့ မြေးတွေကိုဖူးစာဆုံစေချင်လို့ အဘွားနှစ်ယောက်က ဇာတ်လမ်းထွင်ပြီ ခေါ်လိုက်ပေမဲ့မြေးနှစ်ယောက်ကတော့တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လို့မရအောင်ကို မုန်းတီးနေကြပါတယ်။အဘွားနှစ်ယောက်ကြံသမျှ အလွဲလွဲအချော်ချော်တွေဖြစ် ရုံးရောက်ဂတ်ရောက်နဲ့မှန်ချက်နဲ့နှမ်းထွက်မကိုက်လှပါဘူး။သူတို့ကြားမှာ ဘာရန်ငြိုးတွေရှိနေတာလဲ၊ အဘွားနှစ်ယောက် ဆန္ဒရှိတဲ့အတိုင်း ပြန်ပြေလည်ကြပါ့မလား၊ဘယ်လို plot twistတွေလာမလဲဆိုတာလှလှပပကြည့်ရှုခံစားရမှာပါ။