လီဖာဟာ ငယ်ငယ်လေးကတည်းက သူငယ်ချင်းဖြစ်သူ “နံနက်စာ”နဲ့ အတူ လိမ်စားရိုက်စားလုပ်ရင်း ငွေရှာခဲ့သူပါ။သူတို့က မခိုးဘူး မလုဘူး၊ လိမ်စားတာကိုပဲဆရာကျကျလုပ်တယ်၊ အကြံအစည်မှာဆို လီဖာ၊သရုပ်ဆောင်မှာဆို “နံနက်စာ”ပေါ့ဗျာ။လူလိမ်ဆိုပေမယ့် အပြစ်မဲ့တဲ့သူတွေကို ရိုက်စားမလုပ်ဘူး၊ လောဘအတောမသတ််နိုင်တဲ့သူတွေကိုသာ လိမ်စားတဲ့လူကောင်းသူကောင်းသူခိုးဂျပိုးလေးပေါ့။ရတဲ့ငွေနဲ့လည်း အဘွားဖြစ်သူကိုထောက်ပံ့၊ အိမ်နီးချင်းတွေကို ထောက်ပံ့ စိတ်ထားကောင်းလေးထားသူတွေပေါ့။ဒါပေမဲ့ ဒုစရိုက်မှုဆိုတာ အမြဲတမ်းအဆင်ပြေတယ် ဘယ်ရှိမလဲ။ကိုယ်လုပ်လိုက်လို့ နစ်နာသွားသူတွေ၊ ကိုယ့်ကိုပြန်လက်စားချေဖို့ချောင်းနေသူတွေရှိမှာပဲ။တစ်နေ့မှာ လိမ်စားလုပ်ရင်း အဆင်မပြေလို့ ပါတီတစ်ခုကိုသွားရင်းက လီဖာတစ်ယောက်ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားလေရော။တကယ်အချစ်စစ်နဲ့ချစ်မိသွားတဲ့ လီဖာဟာ ဒီကောင်မလေးအတွက်နဲ့ လိမ်စားဘဝ၊ ဒုစရိုက်ဘဝကရုန်းထွက်ဖို့ကြံပါတော့တယ်။လီဖာတစ်ယောက် လိမ်စားဘဝက လွတ်မြောက်နိုင်မလား ဘယ်လိုလှည့်ကွက်တွေလာဦးမလဲဆိုတာဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလို့ရပါပြီဗျ။