ဒီတစ်ခါမှာတော့ Anni Manchi Sakunamuleဆိုတဲ့ အိန္ဒိယဇာတ်လမ်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။အင်္ဂလန်ဘုရင်မကြီး ဗစ်တိုးရီးယားနှစ်ခြိုက်ခဲ့တဲ့ အိန္ဒိယကော်ဖီကြောင့်အိန္ဒိယဟာနာမည်ကြီးကျော်ကြားခဲ့ပါတယ်။အဲ့တော့ သူငယ်ချင်းနှစ်ယောက်ကအဲ့လိုကော်ဖီကိုအိန္ဒိယမှာစိုက်ပြီး ကမ္ဘာတစ်ဝှမ်းကိုတင်ပို့ခဲ့ပါတယ်။နောက်အောင်မြင်လာကြတော့ကြားထဲမှာစိတ်ဝမ်းကွဲမှုတွေ ဖြစ်ခဲ့တယ်။အဲ့လိုနဲ့အဲ့ကော်ဖီခြံကို ဘယ်သူပိုင်ရမလဲဆိုပြီး တရားရုံးမှာအမှုတွေရင်ဆိုင်လာရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့တရားစွဲဆိုမှုပြဿနာက မပြီးဆုံးနိုင်ဘဲမျိုးဆက်သုံးဆက်တိုင်အောင် ရင်ဆိုင်လာခဲ့ရပါတယ်။အဲ့အချိန်မှာ ရီရှီနဲ့အာရာတို့လက်ထက်ကိုရောက်လာခဲ့ပါတယ်သူတို့လက်ထပ်မှာရောဆက်လက်တရားရင်ဆိုင်ရအုံးမလားဖြေရှင်းပြီးသွားမလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်အိမ်ခိုင်ခိုင် ရိုက်ကူးထားတာဖြစ်ပြီးမင်းသားနဲ့မင်းသမီးကို ကြည့်နေရတာနဲ့တင် အတော်ကိုတန်တဲ့ဇာတ်ကားဖြစ်တာမို့လို့လက်လွှတ်မခံသင့်ပါဘူးနော်။