ဒီတစ်ခါမှာတော့ Daredevil Musthafaဆိုတဲ့ အိန္ဒိယဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။မူစတာဖာဆိုတာ ရိုးသားကြိုးစားတဲ့မွတ်ဆလင်ကျောင်းသားလေးတစ်ယောက်ပါ။အမဖြစ်သူနဲ့အတူနေပြီးသူ့ယောက်ဖတာဝန်ကျရာမှာကျောင်းတက်နေရတာပါ။အဲ့လိုနဲ့ အာဘချူရူဆိုတဲ့မြို့လေးက ကောလိပ်တစ်ခုမှာကျောင်းတက်ရဖို့ဖြစ်လာခဲ့ပါတယ်။အဲ့ဒီမြို့မှာ မွတ်ဆလင်နဲ့ဟိန္ဒူတွေကြားရန်ပွဲသမိုင်းတွေရှိပါတယ်။ကောလိပ်အတန်းမှာလည်း မူစတာဖာတစ်ယောက်တည်းမွတ်ဆလင်ဖြစ်နေခဲ့တဲ့အတွက်ကျောင်းသားတိုင်းကအမြင်မကြည်ခဲ့ပါဘူး။အဲ့လိုပတ်ဝန်းကျင်မှာ မူစတာဖာတစ်ယောက် ဘယ်လိုရှင်သန်နေထိုင်သွားမှာလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ရိုးသားပြီးအကောင်းမြင်တတ်တဲ့စိတ်ရှိတဲ့လူနဲ့ ဘာသာရေးတိုက်ပွဲကြားက ဖြစ်ရပ်လေးတွေကိုရိုက်ပြသွားတာဖြစ်လို့ လက်လွှတ်မခံသင့်ပါဘူး။