ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ “Worlds Best”ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ပရမ်ပက်တယ်ဟာ သင်္ချာမှာပါရမီပါတဲ့ကလေးတစ်ယောက်ဖြစ်ပြီးတော့သူ့အမေကလည်း သူတော်တဲ့ဒီသင်္ချာအပိုင်းမှာအရမ်းကိုအားပေးပါတယ် ဒါပေမယ့် ပရမ့်ရဲ့စိတ်ထဲမှာတော့ သင်္ချာဂျပိုးဖြစ်နေတာဟာ ရွယ်တူသူငယ်ချင်းတွေကြားမှာ မမိုက်ဘူးဒိတ်အောက်တယ်လို့မြင်ပါတယ် သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဂျရုန်းကပါ သင်္ချာဂျပိုးလို့အထင်မခံချင်တာကြောင့် သူ့ကိုပစ်သွားတဲ့အခါမှာတော့ပိုပြီးတော့တောင်ဆိုးသွားပါတော့တယ် အဲဒီအချိန်မှာပဲ သူ့အမေဆီကနေ သူ့အဖေဟာ ရက်ပ်ရွတ်တဲ့နေရာမှာ အရမ်းကိုတော်တဲ့အဆိုတော်တစ်ယောက်လို့သိလိုက်ရပြီး ပရမ်တစ်ယောက် ရက်ပ်ဂီတကိုလေ့လာဖို့အတွက် ကြိုးစားတော့တာပေါ့သင်္ချာပါရမီပါတဲ့ ပရမ်တစ်ယောက် ရက်ပ်ရွတ်တဲ့နေရာမှာရော ပါရမီပါနိုင်ပါ့မလား၊သူ့အတွက်သင့်တော်တဲ့ဝါသနာကိုသိနိုင်ဖို့အတွက် ဘယ်လိုတွေလွန်ဆွဲပြီး စဉ်းစားရဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်